Posts

Showing posts from July 5, 2009

အိပ်မက်

ကိုယ်ငယ်ငယ်ကအိပ်မက်ကလေးပါ ကိုယ်ငယ်ငယ်ကအမြဲမအိပ်ခဲ့ရဘူး ကိုယ့်မိဘတွေကလည်း ကိုယ်ရှင်းပြတာကိုအချိန်ပေးနားထောင်ဘို့မအားဘူးလေ သူတို့မှာလည်း သားသမီး ၄ ယောက် ကျောင်းတပြိုင်တည်းထားဘို့  နေ့ဘို့ညစာအလျင်မီအောင်လုပ်နေတော့ ကိုယ့်ရဲ့ အူကြောင်ကြားစကားတွေကိုနားထောင်ဘို့ အချိန်မပေးနိုင်ခဲ့ဘူး ကိုယ်ငယ်ငယ်ကအိပ်တော့မယ်ဆိုအသံတခုအမြဲကြားရပါတယ်  အခုဒီစာပြန်ရေးချိန်မှာတောင်သတိရပြီးပြန်ရောက်လာမှာတအားကြောက်ပါတယ် အဲတာကတော့တောင်‌ဝှေးတစ်ချောင်းနဲ့ တဒီဒီရောက်လာတတ်တဲ့အဘိုးကြီးတယောက်ပါ မအိပ်ရေတော့ပါဘူး ကိုယ့်ဘေးမှာပတ်လျှောက်နေတာ အိပ်လဲမအိပ်ရဲ လှုပ်လဲ မလှုပ်ရဲနဲ့ ၄ တန်းလောက်ထိကို ငရဲကျသလိုဖြစ်ခဲ့တာပါ ပြောပြရင်တောင်ယုံကြမယ်မထင်ပါဘူး 

နိဒါန်း

ရိုးရိုးရှင်းရှင်းဘဲရေးမယ် စဥ်းစားလိုက်ဘယ်ကစရေးရမလဲမသိဖြစ်လိုက် ငယ်ငယ်ကဒိုင်ယာရီရေးတုန်းကလို သူများဖတ်မှာလဲစိုးိမ် ဘယ်သိမ်းရမှန်းလဲမသိတော့ ဒီဘလောဂ်ကိုျက်လိုက်ဘို့ခဏခဏစဥ်းစားမိတယ် ဒါမေမဲ့လည်းလူဆိုတဲ့အတိုင်းတွယ်တာတတ်တဲ့သဘောရှိတာဆိုတော့ ဒါလေးကိုလည်းတွယ်တာနေပါတော့တယ် ရေးချင်တာတွေအများကြီးပါဘဲ အထူးသဖြင့်ကိုယ်ကအချိုးအကွေ့များခဲ့တဲ့သူတယောက်ဖြစ်ခဲ့လို့ပါ