Posts

Showing posts from March 29, 2020

ကာတာအဲဝေးသို့ တမ်းတခြင်းနှင့် COVID-19 consequences

ကိုယ့်ရဲ့အရင်အလုပ်မှာဝန်ထမ်းတွေအတွက်လိုအပ်တဲ့သင်တန်းတွေကို ပုံမှန်ပေးလေ့ရှိတယ် ၊ အဲဒီထဲက Influencing with Impact ( IWI ) ဆို့သင်တန်းကိုတက်ခဲ့ရတယ် ။ စစတက်တဲ့နေ့မှာ သ်တန်းဆရာက ပုံတပုံပေးတယ် သစ်ပင်ကြီးပေါ်မှာ လူတွေထိုင်နေတာ ။ ကိုယ်အခုဘယ်ရောက်နေပြီလဲဆိုတာကို မှင်နီလေးနဲ့မှတ်ခိုင်းတယ် ၊ ဘယ်လူပုံမှာလဲပေါ့ ။ အချို့ကအောက်မှာ အချို့က။ အချို့ကအပေါ်မှာ ။ အချို့က သစ်ကိုင်းအစွန် ။ အချို့က သစ်ကိုင်းရင်း ။ အစရှိသဖြင့်ပေါ့လေ ။ ပြီးသွားတော့အဲဒီစာရွက်ကိုမှောက်ထားပြီးနောက်တခုပြောတယ်။ ကျွန်းတကျွန်းမှာ သဘေ ႅ ာပျက်ပြီးသောင်တင်နေတဲ့လူတွေရှိတယ်ပေါ့လေ ။ အသက်အရွယ်မျိုးစုံ ။ ကျန်းမာရေးမျိုးစုံ ။ အလုပ်မျိုးစုံ ။ သူရွေးခိုင်းတာက တကယ်လို့လာကယ်တိဲ့လှေကအကုန်မကယ်သွားနိုင်ဘဲ ၁၀ ယောက်ဘဲသယ်နိုင်မယ်ဆိုရင် ကိုယ်တို့ ဘယ်သူကိုတက်ခိင်းမလဲဆိုပြီးရွေးခိုင်းတာ ။ ရွေးကြတာပေါ့လေ ။ ကိုယ့်ဥာဏ်မှီသလောက် ။ ပြီးလဲပြီးရောဆရာကတစ်ယောက်စီကိုမေးတာ ။ ထုံးစံအတိုင်းတစ်ယောက်နဲ့တစ်ယောက်မတူဘူးလေ  ။ အားလုံးလဲပြီးသွားရော ဆရာက ကဲ အားလုံးပေါင်းပြီးရွေးရမယ်ဆို ဘယ် ၁၀ ယောက်ကိုရွေးမလဲဆိုတော့ ငြင်းကြပြီပေါ့ ။ ကိုယ်ရွေးတာအမှန်လို့ထင်ကြတာကိုး ။ ...

"Consequences of COVID-19"

မုန်လာဥနီကိုဝယ် အချောင်းလေးဖြစ်အောင်လှီး ပြီးတော့ သံပုရာရည်ညှစ် Fridge ဖွင့် Wolf ကထုတ်တဲ့ Chimmichurri Paste and Dip နဲ့တို့စား ခဏနေ Fridge ဖွင့် Strawberry သီးတွေထုတ် လေးစိတ်လှီး မေခပေးထားတဲ့ အော်ဇီပျားရည်နဲ့တို့စား ခဏနေ Fridge ဖွင့် ပြုတ်ထားတဲ့ ကိုက်လန်ထည့်ထားတဲ့ဗူးကိုထုတ် Wolf ကထုတ်တဲ့ မာလာငြုတ်ဆီနဲ့တို့စား ခဏနေ ခေါက်ဆွဲထုတ် ဆွဲထုတ် ခေါက်ဆွဲထုတ်ပြုတ်စား ဒါတောင်ကြားထဲ ဟိုအရည် ဒီအရည် (အအေးနဲ့အပူ) သောက်တာမပါသေး ရေ ၄ လီတာနီးပါးတနေကုန်သောက် ဘာမှစားစရာမရှိရင်‌ရေလှိမ့်သောက် ကိုဗစ်လဲ ဝူဟန်ပြန်သွားရော ဂျူလီယန်လဲ ခြသေ ႅ ့ခေါင်းနဲ့  ဝက်ကိုယ်ဖြစ်ရော တော်တော်မွှေတဲ့ကိုဗစ် ။

Turkish Coffee - My parrot and Me - 02 April 2020

Turkish coffee  ၃ ခွက်သောက်ထားမိတဲ့အကျိုး။ ခုထိအိပ်မရ။ အဆဲတောင်းစာတွေထိုင်ရေး။ ဟိုဖတ် ဒီဖတ် ။ စာတော့မလုပ်ချင်။ မနက်ကျရင် မနိုးဘဲ နေမြင့်အောင်အိပ်။ ကရိုနာရေ ပုံမှန်  routine  ကို ​ဖျက်ဆီးပစ်လိုက်တာ။   မနက်ကျရင် အောင်မဲညိုပန်းလေးတွေခူးပြီးအခြောက်လှန်းမယ်။ ချစ်စရာလေးတွေ ။ အပင်ကနွယ်တက်တာမြန် ပန်းတွေစပွင့်လာတာ။ ကိုယ့်ကြက်တူရွေးကြီးနဲ့ရန်ဖြစ်ရသေး ။ ကိုယ်ကမေ့နေတာ ။ ဖြစ်သမျှကိုနတ်သံနှောပြီးသံတော်ဦးတင်ဘို့။ မေ့တာမှ မနှစ်ကအဖြစ်အပျက်ကို ဒီနေ့မှ စကားစပ်မိပြီး သူ့မပ ြောရကောင်းလားဆိုပြီးနှာကစ်သွားလေရဲ့။ ကရိုနာရေ လူတွေကို စကားများလာစေတယိနော် ။ ပုံမှနိဆို ကိုယ့်ဘာသာကိုယ်မအားရတော့ နှာကစ်ဘို့အချိန်မရ။   တော်တော်မွှေတဲ့ကရိုနာ ။

25 March 2020- Remembrance of COVID-19

ဒီနေ့ စျေးဝယ်ရင်း ခေါက်ဆွဲခြောက်ထုပ်ကုန်သွားလို့ဝယ်ရတယ်။ ကိုယ်က သတ်သတ်လွတ်လဲဖြစ် ဇီဇာကလဲကြောင် ကိုယ်စားတဲ့တံဆိပ်ဖြစ်တဲ့  Myojo  သတ်သတ်လွတ် ခေါက်ဆွဲထုပ်ကလည်း ရတဲ့ချိန်မှရတော့ ပုံမှန်ဝယ်လဲ ကိုယ်က ၂ ဒါဇင်ဝယ်နေကျ ။ အခုလဲ အိမ်မှာကုန်နေတော့ ၂ ဒါဇင်ဝယ်တယ်။ အဲဒါကို ဘွားတော်တပါးက တမင်သက်သက် ကိုယ့်ခြင်းထဲကြည့်လိုက် ကိုယ်ကိုကြည့်လိုက် ၃ ခါလုပ်တယ်။ သဘောကတော့  panic buying  လုပ်တယ်ပေါ့လေ။ ကိုယ် ပြန်ကြည့်ပေးလိုက်တော့မှ ခေါင်းတခါခါနဲ့ထွက်သွားတယ်။ သူမသိတာက ကိုယ်စားတဲ့ သတ်သတ်လွတ်ခေါက်ဆွဲခြောက်ထုပ်က ရှာရခက်တယ်ဆိုတာရယ် ကိုယ်က ပုံမှန်  mass shopping  လုပ်တယ်ဆိုတာရယ် ဟွန်း  COVID-19  တော်တော်မွှေတာဘဲ။