ကာတာအဲဝေးသို့ တမ်းတခြင်းနှင့် COVID-19 consequences

ကိုယ့်ရဲ့အရင်အလုပ်မှာဝန်ထမ်းတွေအတွက်လိုအပ်တဲ့သင်တန်းတွေကို ပုံမှန်ပေးလေ့ရှိတယ် ၊ အဲဒီထဲက Influencing with Impact (IWI) ဆို့သင်တန်းကိုတက်ခဲ့ရတယ် ။ စစတက်တဲ့နေ့မှာ သ်တန်းဆရာက ပုံတပုံပေးတယ် သစ်ပင်ကြီးပေါ်မှာ လူတွေထိုင်နေတာ ။ ကိုယ်အခုဘယ်ရောက်နေပြီလဲဆိုတာကို မှင်နီလေးနဲ့မှတ်ခိုင်းတယ် ၊ ဘယ်လူပုံမှာလဲပေါ့ ။ အချို့ကအောက်မှာ အချို့က။ အချို့ကအပေါ်မှာ ။ အချို့က သစ်ကိုင်းအစွန် ။ အချို့က သစ်ကိုင်းရင်း ။ အစရှိသဖြင့်ပေါ့လေ ။

ပြီးသွားတော့အဲဒီစာရွက်ကိုမှောက်ထားပြီးနောက်တခုပြောတယ်။

ကျွန်းတကျွန်းမှာ သဘေႅာပျက်ပြီးသောင်တင်နေတဲ့လူတွေရှိတယ်ပေါ့လေ ။ အသက်အရွယ်မျိုးစုံ ။ ကျန်းမာရေးမျိုးစုံ ။ အလုပ်မျိုးစုံ ။ သူရွေးခိုင်းတာက တကယ်လို့လာကယ်တိဲ့လှေကအကုန်မကယ်သွားနိုင်ဘဲ ၁၀ ယောက်ဘဲသယ်နိုင်မယ်ဆိုရင် ကိုယ်တို့ ဘယ်သူကိုတက်ခိင်းမလဲဆိုပြီးရွေးခိုင်းတာ ။ ရွေးကြတာပေါ့လေ ။ ကိုယ့်ဥာဏ်မှီသလောက် ။ ပြီးလဲပြီးရောဆရာကတစ်ယောက်စီကိုမေးတာ ။ ထုံးစံအတိုင်းတစ်ယောက်နဲ့တစ်ယောက်မတူဘူးလေ  ။

အားလုံးလဲပြီးသွားရော ဆရာက ကဲ အားလုံးပေါင်းပြီးရွေးရမယ်ဆို ဘယ် ၁၀ ယောက်ကိုရွေးမလဲဆိုတော့ ငြင်းကြပြီပေါ့ ။ ကိုယ်ရွေးတာအမှန်လို့ထင်ကြတာကိုး ။ ဆရာက ငြင်းခွင့်ပေးတယ် ။ ၅ မိနစ် ။ ကိုယ့်ခံစားချက် ခံယူချက်တွေနဲ့ဆွေးနွေးကြ  Debate လုပ်ကြတာပေါ့ ။

ပြီးလဲပီးရော ခုနကဖြည့်ခိုင်းထားတဲ့စာရွက်ကို အချင်းချင်းလဲခိုင်းတယ် ။ သင်သာဆို သူ့ကိုဘယ်နေရာမှာရောက်နေရမယ်လို့ထင်လဲတဲ့ ။ အချင်းချင်းပြန်ပြီး Judge လုပ်ခိုင်းတယ် ။ ရေးကြတာပေါ့လေ ။ ဘယ်နေရာရောက်နေသင့်တယ် ဘာညာပေါ့ ။ (သင်တန်းအစမှာ ကိုယ့်အလုပ်ရာဇဝင်ကို အကြမ်းဖျင်းမိတ်ဆက်ရတယ် )

ပြီးလဲပြီးရော ဆရာက ဘာကြောင့်သူ့ကို ဘယ်သူမှမေးခွန်းမမေးဘဲဖြေကြပါသလဲတဲ့ ။ နိုင်ငံအစုံကလာသူတွေမို့ကိုယ်ကြီးပြင်းလာတဲ့ အခြေအနေမတူဘဲ ဘယ်လိုသူများကို Judge လုပ်ကြပါသလဲတဲ့ ။ ဘာလို့ သူများအခွင့်အရေးကို ကိုယ့်အခွင့်အရေးထင်ပြီး ရွေးတာပါလဲတဲ့ ။

လူတိုင်းမှာ ကိုယ်စီ ကိုယ်စီအခွင့်အရးရှိတယ်တဲ့ ။ ဆက်ပြီးရှင်းပြတာတွေအများကြီးဘဲ ။ နိဂုံးချုပ်တော့ ဘယ်သူဘယ်သူမှာမှဘယ်သူကို ဘာလုပ်ပါ ဘာဖြစ်ပါစေလို့ရွေးပေးပိုင်ခွင့်မရှိပါဘူးတဲ့ ။ မရွေးပေးမိပါစေနဲ့ ဘဝမှာကိုယ်မသိနိုင်တဲ့ တခြားတယောက်ရဲ့နောက်ကြောင်းကိုမသိဘဲ ဝင်ရွေးပေးမိမှာစိုးရိမ်ရပါတယ်တဲ့။

စိတ်ဝင်စားစရာကောင်းတာက အာရှကလာတဲ့ဝန်ထမ်းတွေက Emotion ကိုဦးစာပေးရွေးပြီး အနောက်တိုင်းနဲ့ ဥရောပကလူတွေကတော့ Practical လက်တွေ့ကျကျရွေးခဲ့ကြတယ် ။ တယောက်နဲ့တယောက်နောက်ခံအခြေအနေချင်းမတူတဲ့အချိန်မှာ မရွေးချယ်မိစေဘို့နဲ့ အပစ်မတင်မိစေဘို့ပြောခဲ့တယ်။ 

ဘာမှမဟုတ်ဘူး Emotion ကိုဦးစာပေးတဲ့ကိုယ့်အတွက်အမှတ်ရနေတတ်တာလေးပါ ။ 

Comments

Popular posts from this blog

ခံစားချက်

တူညီသောခံစားချက်

နာကျင်မှု