Turkish Coffee - My parrot and Me - 02 April 2020

Turkish coffee ၃ ခွက်သောက်ထားမိတဲ့အကျိုး။ ခုထိအိပ်မရ။ အဆဲတောင်းစာတွေထိုင်ရေး။ ဟိုဖတ် ဒီဖတ် ။ စာတော့မလုပ်ချင်။ မနက်ကျရင် မနိုးဘဲ နေမြင့်အောင်အိပ်။ ကရိုနာရေ ပုံမှန် routine ကို ​ဖျက်ဆီးပစ်လိုက်တာ။ 
မနက်ကျရင် အောင်မဲညိုပန်းလေးတွေခူးပြီးအခြောက်လှန်းမယ်။ ချစ်စရာလေးတွေ ။ အပင်ကနွယ်တက်တာမြန် ပန်းတွေစပွင့်လာတာ။
ကိုယ့်ကြက်တူရွေးကြီးနဲ့ရန်ဖြစ်ရသေး ။ ကိုယ်ကမေ့နေတာ ။ ဖြစ်သမျှကိုနတ်သံနှောပြီးသံတော်ဦးတင်ဘို့။ မေ့တာမှ မနှစ်ကအဖြစ်အပျက်ကို ဒီနေ့မှ စကားစပ်မိပြီး သူ့မပြောရကောင်းလားဆိုပြီးနှာကစ်သွားလေရဲ့။ ကရိုနာရေ လူတွေကို စကားများလာစေတယိနော် ။ ပုံမှနိဆို ကိုယ့်ဘာသာကိုယ်မအားရတော့ နှာကစ်ဘို့အချိန်မရ။ 
တော်တော်မွှေတဲ့ကရိုနာ ။

Comments

Popular posts from this blog

ခံစားချက်

တူညီသောခံစားချက်

နာကျင်မှု