တူညီသောခံစားချက်
ဟိုတုန်းကတော့ကျွန်မအလွန်လောဘကြီးခဲ့သည် လောကကြီးဆီမှ အဖေါ်တောင်းခံတိုင်း မှားယွင်းစွာရရှိလာတဲ့လက်ဆောင်သာဖြစ်ခဲ့သည် ယောကျႅားတစ်ယောက်ထံမှအရည်အချင်းဆိုတာကိုမက်မောခဲ့သည် တကယ်တမ်းသူ့ထံမှရခဲ့သည်က မျက်လှည့်ပညာသာဖြစ်ခဲ့ပြီ ကတိဆိုတာကိုတောင်းတော့ ရေစုန်မှာလှေကြုံလိုက်တတ်သည့်ထူးဆန်းမှုကိုရခဲ့သည် အပြန်အလှန်ဖေးမကူညီမှုနှင့် ညီညွှတ်မှုကိုတောင်းခဲ့သည် တကယ်တမ်းရခဲ့သည်က သူ့အတ္တများသာ ယခုကျွန်မဘာကိုမှမတမ်းတခဲ့တော့ပြီ အဖြူရောင်အတ္တဆိုတာ စိတ်ကူးနဲ့ဘဲ မှန်းလို့ရခဲ့တာဖြစ်ပြီး တကယ်တမ်းကတော့ရောင်စုံများစွာပါဝင်ဖွဲ့စည်းထားခြင်းသာ။ ဘဝမှာကျွန်မအတွက်ရခဲ့သည်က ထိုမျှသာ ။ (ဆရာမ - ဂျူး ရေးသားထားသောစာအုပ်ထဲမှ စိတ်ချင်းတိုက်ဆိုင်စွာကူးရေးထားခြင်းသာ) post scrap cancel 7/8/08