Posts

Showing posts from August 2, 2009

နာကျင်သောစိတ်တို့ဖြင့်ရေးသောစာ

မနက်ဖြန်မနက်အစောကြီးဆိုရင်ကိုယ်နဲ့အတူတူဒီနိုင်ငံမှာအေးအတူပူအမျှ ( တကယ့်ကိုအေးအတူပူအမျှနေခဲ့ကြတာပါ) နေခဲ့တဲ့အမတစ်ယောက် ချစ်သောနိုင်ငံနဲ့သူချစ်တဲ့သူ့မိဘတွေဆီအပြီးပြန်ပြီ။ သူ့အတွက်တော့အင်မတန်မှမှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်သလိုလုပ်ခွင့်ရနိုင်တဲ့သူ့အနေအထားကိုကိုယ်နားလည်ပါတယ် ။ သူ့မှာအများသူငါအပူတပြင်းလိုအပ်နေသလို အသပြာကိုမရမနေမလိုအပ်ခဲ့ဘူးကိုး ။ ကိုယ်ဘယ်လိုဟန်ဆောင်ဟန်ဆောင် ဘယ်လိုဘဲ ဂိမ်းထဲမှာစိတ်ကိုရောက်အောင်လုပ်လုပ်နောက်ဆုံးတော့ ဦးဏှောက်က ခံစားတတ်တဲ့ရင်ဘတ်ကြီးကိုအရှုံးပေးလိုက်ရပါတယ် ကိုယ်တစ်ယောက်တည်းကျန်ခဲ့တယ်ဆိုတဲ့အတ္တဒုက္ခ သူစိမ်းတွေအလယ်မှာ ကိုယ်နဲ့ဘယ်လိုမှအံခွင်ဝင်ကျမရှိတဲ့ ဒီပတ်ဝန်းကျင်အလယ်မှာ ကျမတို့ညီအမတွေလို အခက်အခဲတွေကို တစ်ယောက်ကိုတစ်ယောက်အားပေးပြီး ရင်ဆိုင်ခဲ့ကြတာပါ။ ဘာလေးဘဲဖြစ်ဖြစ် ဖွင့်ဟတိုင်ပင်နားထောင်ပေးခဲ့ကြပြီး ကျမကိုညီမတစ်ယောက်လို အစစအရာရာ နားလည် နားထောင်ပေးခဲ့တယ် ဘယ်အချိန်ဘဲဖြစ်ဖြစ် ညကြီးသန်းခေါင် စိတ်ထဲမှာမဆန့်အောင်ခံစားရတဲဒဏ်ရာတွေတိုင်းကို စိတ်ရှည်လက်ရှည်နားထောင်ပေးခဲ့တယ် သူစိမ်းသူရံ လူမျိုးခြားတွေနဲ့ ခင်မင်တိုင်း ကျမကိုစိတ်မချစွာချစ်ခင်ဆုံးမခဲ့တယ် ကျမငိုရင်လိုက်ငြို...