ဖိုးစိန် ဘလောဂ်မှာသွားရေးခဲ့တာလေးအမှတ်တရသိမ်းထားတယ် အမအခန်းထဲမှာလဲရှိတယ် သူကတော့သဘောကောင်းသလိုဘဲ အမလဲအဲလိုဘဲပြောထားတာ ငါကကြောက်တတ်တယ် မစနဲ့ ကောင်းကောင်းနေ နေ့တိုင်းမေတ္တာပို့တာမရဘူးလားလို့မေးရတယ် သူကအမတစ်ခုခုဖြစ်ခါနီး(အဆိုးပေါ့လေ) ဆိုမီးတွေကိုမှိတ်ပစ်တတ်တယ် အဲဒါဆိုသတိထားနေတော့ ဘုရားသာများများရှိခိုးပေရော့ အဆိုးတွေလာပြီလို့ ၃ ခေါက်တိတိကြုံပြီးချိန်မှာသိသာလို့သတိထားမိသွားတာ သူမီးတွေမှိတ်ပစ် breaker တွေကို တချောက်ချောက်နဲ့ဒေါင်းပြီဆို ကဲကဲ ငါသိပြီ ဘုရားရှိခိုးမယ် အဆိုးလာမယ်ဆိုရင်တောင်ငါဖြေရှင်း လို့ရမှာပါလို့ပြောရတယ် ဟဲဟဲ ကြောက်တော့ကြောက်တယ် ဒါကြောင့်မေ့ထားတယ် မောင်ဖိုးစိန် ပြန်တင်တဲ့ပို့စ်ကိုဖတ်ပြီးရေးချင်လာလို့ ဂျူ