ကြိုက်မိကြိုက်ရာ June 27, 2009 နေပူပူမှာတူတူလျှောက်လှမ်းခဲ့တုန်းက မပူခဲ့ပေမဲ့ အရိပ်အောက်ကနေမျှော်ခဲ့ရတာပူပြင်းလွန်းလှပါရဲ့ Comments
ခံစားချက် June 25, 2009 ကိုယ့်ရင်ထဲခံစားရတာတွေကိုဖွင့်စရာနေရာအိမ်သစ်လေးကို မျက်ရည်တွေနဲ့ စရတာတော့ မကောင်းဘူးထင်ပေမယ့် မတတ်နိုင်ဘူးလေ ။ ဒီနေ့ ဘလေ့တွေလျောက်သွားရင်း လင်းဒီပရဲ့အဝေးကငှက်တွေဖတ်ပြီးတော်တော်ခံစားရတယ် ။ မိဘကိုခေါ် နိုင်ဘို့ကြိုးစားရင်း ကိုယ်တိုင်လှုပ်မရဘူးဖြစ်နေတယ် ပြန်သွားတုန်းကတော့တော်တော်ကြေကွဲတယ်၊ ကိုယ့်တိုင်းပြည်မှာ မကိုယ်မနေနိုင်လို့ အရာရာပိုဆိုးလာတယ်လေ ကိုယ်ကအမေ့ကိုအရမ်းချစ်သူလေ ရည်မှန်းချက်တလှေကြီးနဲ့ အသက်ကြီးတဲ့မိဘတွေကိုခွဲလာ ကိုယ်မှန်းထားတာနဲ့ကြုံရတာကွာဟ ချက်ကြီးမားလာတဲ့အခါ တယောက်တည်းနာကျင်ကြေကွဲတတ်လာတယ် ၂၄ နာရီမှာ ၂၅ နာရီလောက်ကိုအိမ်ပြန်ချင်တယ် အဖေနဲ့သိပ်အစေးမကပ်ပေမယ့် မိဘဆိုတော့ချစ်ရတာဘဲ တစ်ရက်မပြတ်အိမ်ကိုအိပ်မက်မက်တယ် ကိုယ်သာမီလျံနာဖြစ်ရင်ဆိုတဲ့ခပ်ကြောင်ကြောင်အတွေးတွေလဲဝင်တယ် တကယ်သာမတော်တဆ မီလျံနာဖြစ်ကြည့် အိမ်ပြန်ပြီးတော့ကို တစ်သက်မိဘနဲ့မခွဲတော့ဘူး မိဘတွေရင်နာရသလို ကိုယ်တို့သားသမီးတွေလဲ ရင်တွေကွဲအက်ရတာပါဘဲ ယဥ်ကျေးမှုချင်းအရှေ့အနောက်ကွာသလိုခံစားချက်တွေ တွေးတောပုံတွေလဲကွာတယ် နိုင်ငံနဲ့ချီပြီးအထင်သေးခံရတာလဲပါတယ် ကိုယ်တို့လူမျိုးကိုလုံးဝမသိတာလဲပါတယ် သိတဲ့သူကျပြန်တော့လဲ အဆို... Read more
တူညီသောခံစားချက် July 17, 2009 ဟိုတုန်းကတော့ကျွန်မအလွန်လောဘကြီးခဲ့သည် လောကကြီးဆီမှ အဖေါ်တောင်းခံတိုင်း မှားယွင်းစွာရရှိလာတဲ့လက်ဆောင်သာဖြစ်ခဲ့သည် ယောကျႅားတစ်ယောက်ထံမှအရည်အချင်းဆိုတာကိုမက်မောခဲ့သည် တကယ်တမ်းသူ့ထံမှရခဲ့သည်က မျက်လှည့်ပညာသာဖြစ်ခဲ့ပြီ ကတိဆိုတာကိုတောင်းတော့ ရေစုန်မှာလှေကြုံလိုက်တတ်သည့်ထူးဆန်းမှုကိုရခဲ့သည် အပြန်အလှန်ဖေးမကူညီမှုနှင့် ညီညွှတ်မှုကိုတောင်းခဲ့သည် တကယ်တမ်းရခဲ့သည်က သူ့အတ္တများသာ ယခုကျွန်မဘာကိုမှမတမ်းတခဲ့တော့ပြီ အဖြူရောင်အတ္တဆိုတာ စိတ်ကူးနဲ့ဘဲ မှန်းလို့ရခဲ့တာဖြစ်ပြီး တကယ်တမ်းကတော့ရောင်စုံများစွာပါဝင်ဖွဲ့စည်းထားခြင်းသာ။ ဘဝမှာကျွန်မအတွက်ရခဲ့သည်က ထိုမျှသာ ။ (ဆရာမ - ဂျူး ရေးသားထားသောစာအုပ်ထဲမှ စိတ်ချင်းတိုက်ဆိုင်စွာကူးရေးထားခြင်းသာ) post scrap cancel 7/8/08 Read more
နာကျင်မှု July 17, 2009 လူတွေကကော ဘာလို့သစ္စာတွေ ချစ်ခြင်းတွေမရှိကြတော့တာလဲ ဘာကြောင့်လဲ အသက်ရှင်ရေး ချမ်းသာရေးဟာ ချစ်ခြင်းသစ္စာထက်အရေးကြီးကြလား ကိုယ်မသိတော့ဘူး ဘာလို့နားမလည်နိုင်ကြတာလဲ ဘာကြောင့်လူတစ်ယောက်ကိုအကောင်းဘက်ကတွေးမပေးနိုင်ကြတာလဲ ဘာလို့ကစားချင်ကြတာလဲ ဘာတွေကိုယ့်ဆီကလိုချင်လို့လဲ ကိုယ်ကဘာတွေပြန်မပေးနိုင်ခဲ့လို့လဲ ချစ်ခြင်းမှာ နူးညံ့မှုမရှိဘူးလား ဘာကြောင့်ရမ္မက်ကဘဲရှေ့ရေက်နေကြတာလဲ လူတစ်ယောက်ကိုသေသည်ထိချစ်နေတာဟာ ကံကြမ္မာလား ကိုယ်မေးခွန်းတွေနဲ့ရှုပ်နေပြီ ဘုရားသာဆိုရင်တော့ ချစ်သမီး စိတ်သာလျင်အဓိကဖြစ်တယ်လို့ဆုံးမအုန်းမယ်ထင်တာဘဲ အဲဲဲဒီစိတ်တွေဘယ်လိုထိန်းရမလဲ ထိန်းရင်းရူးချင်နေတာကိုကော အဘဘုရားဘယ်လိုဆုံးမပေးနိုင်မလဲ ကိုယ်တအားစိတ်တွေလေးနေတယ် 27-Feb-2009 Read more
Comments
Post a Comment