ခံစားချက်

ကိုယ့်ရင်ထဲခံစားရတာတွေကိုဖွင့်စရာနေရာအိမ်သစ်လေးကို မျက်ရည်တွေနဲ့ စရတာတော့ မကောင်းဘူးထင်ပေမယ့် မတတ်နိုင်ဘူးလေ ။
ဒီနေ့ ဘလေ့တွေလျောက်သွားရင်း လင်းဒီပရဲ့အဝေးကငှက်တွေဖတ်ပြီးတော်တော်ခံစားရတယ် ။
မိဘကိုခေါ် နိုင်ဘို့ကြိုးစားရင်း ကိုယ်တိုင်လှုပ်မရဘူးဖြစ်နေတယ် ပြန်သွားတုန်းကတော့တော်တော်ကြေကွဲတယ်၊ ကိုယ့်တိုင်းပြည်မှာ မကိုယ်မနေနိုင်လို့ အရာရာပိုဆိုးလာတယ်လေ
ကိုယ်ကအမေ့ကိုအရမ်းချစ်သူလေ 
ရည်မှန်းချက်တလှေကြီးနဲ့ အသက်ကြီးတဲ့မိဘတွေကိုခွဲလာ
ကိုယ်မှန်းထားတာနဲ့ကြုံရတာကွာဟ ချက်ကြီးမားလာတဲ့အခါ
တယောက်တည်းနာကျင်ကြေကွဲတတ်လာတယ်
၂၄ နာရီမှာ ၂၅ နာရီလောက်ကိုအိမ်ပြန်ချင်တယ်
အဖေနဲ့သိပ်အစေးမကပ်ပေမယ့် မိဘဆိုတော့ချစ်ရတာဘဲ
တစ်ရက်မပြတ်အိမ်ကိုအိပ်မက်မက်တယ်
ကိုယ်သာမီလျံနာဖြစ်ရင်ဆိုတဲ့ခပ်ကြောင်ကြောင်အတွေးတွေလဲဝင်တယ် 
တကယ်သာမတော်တဆ မီလျံနာဖြစ်ကြည့်
အိမ်ပြန်ပြီးတော့ကို တစ်သက်မိဘနဲ့မခွဲတော့ဘူး မိဘတွေရင်နာရသလို ကိုယ်တို့သားသမီးတွေလဲ ရင်တွေကွဲအက်ရတာပါဘဲ ယဥ်ကျေးမှုချင်းအရှေ့အနောက်ကွာသလိုခံစားချက်တွေ တွေးတောပုံတွေလဲကွာတယ် နိုင်ငံနဲ့ချီပြီးအထင်သေးခံရတာလဲပါတယ် 

ကိုယ်တို့လူမျိုးကိုလုံးဝမသိတာလဲပါတယ် သိတဲ့သူကျပြန်တော့လဲ အဆိုးနဲ့သိတဲ့အတွက်ဖြေရှင်းရတာလဲစိတ်ကုန်တယ် 
တခါက အားရပါးရ ငါမြန်မာလူမျိုး ငါတို့မြန်မာဆိုတာဆိုပြီးသေသေချာချာရှင်းပြ နောက်နေ့မှာတော့ သတင်းစာတစ်စောင်မှာ မြန်မာစုံတွဲဆိုပြီး ဟိုးလေးတကြော်ပါလာတယ် ခပ်တည်တည်ပြောရတာပေါ့ လူအမျိုးမျိုးစိတ်အတွေတွေရှိတယ် နင်တို့နိုင်ငံကြီးတွေမှာလဲရှိတာဘဲလို့လေ 
ဒါပေမယ့်အသက်ကြီးလာလို့ဖြစ်မယ် ကိုယ့်ရေမြေ ကိုယ့်စကားပြောတဲ့ ကိုယ့်နိုင်ငံမှာ ဘုရား တရားအရိပ်မှာ အေးအေးချမ်းချမ်းနေချင်တယ် နေနိုင်ပါစေလို့လဲဆုတောင်းနေဆဲဘဲ ၊ 
ကိုယ့်ဒီနေ့ အိမ်နဲ့အမေ့ကိုလွမ်းတယ် 

Comments

Popular posts from this blog

တူညီသောခံစားချက်

နာကျင်မှု