တူညီသောခံစားချက်

ဟိုတုန်းကတော့ကျွန်မအလွန်လောဘကြီးခဲ့သည်
လောကကြီးဆီမှ အဖေါ်တောင်းခံတိုင်း မှားယွင်းစွာရရှိလာတဲ့လက်ဆောင်သာဖြစ်ခဲ့သည်
ယောကျႅားတစ်ယောက်ထံမှအရည်အချင်းဆိုတာကိုမက်မောခဲ့သည် 
တကယ်တမ်းသူ့ထံမှရခဲ့သည်က မျက်လှည့်ပညာသာဖြစ်ခဲ့ပြီ
ကတိဆိုတာကိုတောင်းတော့ ရေစုန်မှာလှေကြုံလိုက်တတ်သည့်ထူးဆန်းမှုကိုရခဲ့သည်
အပြန်အလှန်ဖေးမကူညီမှုနှင့် ညီညွှတ်မှုကိုတောင်းခဲ့သည်
တကယ်တမ်းရခဲ့သည်က သူ့အတ္တများသာ
ယခုကျွန်မဘာကိုမှမတမ်းတခဲ့တော့ပြီ
အဖြူရောင်အတ္တဆိုတာ စိတ်ကူးနဲ့ဘဲ မှန်းလို့ရခဲ့တာဖြစ်ပြီး
တကယ်တမ်းကတော့ရောင်စုံများစွာပါဝင်ဖွဲ့စည်းထားခြင်းသာ။ 
ဘဝမှာကျွန်မအတွက်ရခဲ့သည်က ထိုမျှသာ ။

(ဆရာမ - ဂျူး ရေးသားထားသောစာအုပ်ထဲမှ စိတ်ချင်းတိုက်ဆိုင်စွာကူးရေးထားခြင်းသာ)


7/8/08

Comments

Popular posts from this blog

ခံစားချက်

နာကျင်မှု