အင်တာနက်

ကိုယ့်ဘဝမှာအင်တာနက်ကြီးရှိတာကို ပထမဦးဆုံးမုန်းမိတယ်

တကယ်လို့သာ အင်တာနက်မရှိခဲ့ရင် ကိုယ်နဲ့သူ စကားပြောြဖစ်ခဲ့မှာမဟုတ်ဘူး

စကားမပြောဖြစ်ခဲ့ရင် သံယောဇဥ်တွယ်ခဲ့မှာမဟုတ်ဘူး

သံယောဇဥ်မတွယ်ဖြစ်ခဲ့ရင်တွေ့ဖြစ်ခဲ့မယ်မထင်ဘူး

မတွေ့ဖြစ်ခဲ့ရင် ချစ်ဖြစ်ခဲ့မယ်မထင်ဘူး

မချစ်ဖြစ်ခဲ့ရင်ကိုယ်ဒီလို အသည်းအသန်ငိုရမှာမဟုတ်ဘူး

ချစ်နေရဲ့သားနဲ့ခွဲသွားနိုင်တဲ့သူကိုလည်း ရပ်ကျန်ပြီးကြည့်နေခဲ့စရာမလိုဘူ

သွားနိုင်တဲ့သူ စိတ်မချမဖြစ်အောင် မာနနဲ့ရောပြီး ပြုံးခဲ့ရတာကိုလည်း ရင်နာနေပြီ

ကိုယ်မငိုချင်ဘူး ငိုဘို့လည်းအားမရှိဘူး

ကိုယ်ဒီဘဝမှာမချစ်တတ်တော့ဘူး မချစ်ချင်တော့ဘူး

အချစ်မခံချင်တော့ဘူး ကြေကွဲလိုက်ရတာ

မျက်စိအောက်မှာမြင်နေရက်နဲ့ အမြဲလွမ်းနေရတော့မှာ

ကိုယ်တကယ်ကိုကံဆိုးတာပါဘဲ

 

၂၅ နိုဝင်ဘာ ၂၀၀၈

Comments

Popular posts from this blog

ခံစားချက်

တူညီသောခံစားချက်

နာကျင်မှု