ပင်လယ်အောက်ရောက်သွားတဲ့ကျွန်း

ပင်လယ်အောက်ရောက်သွားတဲ့ကျွန်း

 

မင်းဘဝကရေထုနဲ့ထုပ်ပိုးခံထားရတယ်

ပင်လယ်တစ်စိတ်တစ်ပိုင်းကို မင်းကိုယ်တိုင်ပင့်ရွက်ထားရတာကိုး
တောင်ပံခတ်သံကြားရပေမယ့် ငှက်တွေကိုတော့ မင်းမြင်ခွင့်ရမှာမဟုတ်ဘူး

ရေပြင်မှာတိမ်ရိပ်ထင်ပေမယ့် တိမ်တွေကိုတွေ့ခွင့်ရဘို့ မင်းမမျှော်လင့်လေနဲ့

လှိုင်းတွေ မင်းဦးခေါင်းပေါ်မှာ ခုန်ပေါက်ပြေးလွှားကစားကြမယ်

သဘေႅာတွေလည်းမင်းကိုမေ့လျော့ခုတ်မောင်းသွားကြမယ်

ကြယ်တွေဆိုရင် ဝတ်ကောင်းစားလှနဲ့ ကပွဲသွားကြလေရဲ့

မင်းကတော့ ရေငန်ရဲ့ခါးသက်မှုထဲမှာနစ်ဝင်နေရပြီး

နာကျင်မှုရဲ့ဒီရေ ကလည်းတရိပ်ရိပ်တက်လို့

အန္တရယ်ရှိတဲ့ရေသတ္တဝါတွေ မင်းပတ်လည်မှာ ခြောင်းမြောင်းနေမယ်

ခုမော်ကြည့်နေရတဲ့တောင်တွေဆို တချိန်တုန်းက ပင်လယ်အောက်ရောက်ဖူးကြတာပါပဲကွာ

မင်းဟာကုန်းမြေရဲ့ ရေထဲရောက်နေတဲ့ အသွေးအသားလည်းဖြစ်တယ်

ပြီးတော့ လောက်ကျတဲ့ရေပြင်ဖြစ်ဖြစ် အနားသတ်ကမ်းဆိုတာရှိစမြဲ

 

မြားအိမ်

Comments

Popular posts from this blog

ခံစားချက်

တူညီသောခံစားချက်

နာကျင်မှု