25 March 2020- Remembrance of COVID-19
ဒီနေ့ စျေးဝယ်ရင်း ခေါက်ဆွဲခြောက်ထုပ်ကုန်သွားလို့ဝယ်ရတယ်။ ကိုယ်က သတ်သတ်လွတ်လဲဖြစ် ဇီဇာကလဲကြောင် ကိုယ်စားတဲ့တံဆိပ်ဖြစ်တဲ့ Myojo သတ်သတ်လွတ် ခေါက်ဆွဲထုပ်ကလည်း ရတဲ့ချိန်မှရတော့ ပုံမှန်ဝယ်လဲ ကိုယ်က ၂ ဒါဇင်ဝယ်နေကျ ။ အခုလဲ အိမ်မှာကုန်နေတော့ ၂ ဒါဇင်ဝယ်တယ်။ အဲဒါကို ဘွားတော်တပါးက တမင်သက်သက် ကိုယ့်ခြင်းထဲကြည့်လိုက် ကိုယ်ကိုကြည့်လိုက် ၃ ခါလုပ်တယ်။ သဘောကတော့ panic buying လုပ်တယ်ပေါ့လေ။ ကိုယ် ပြန်ကြည့်ပေးလိုက်တော့မှ ခေါင်းတခါခါနဲ့ထွက်သွားတယ်။ သူမသိတာက ကိုယ်စားတဲ့ သတ်သတ်လွတ်ခေါက်ဆွဲခြောက်ထုပ်က ရှာရခက်တယ်ဆိုတာရယ် ကိုယ်က ပုံမှန် mass shopping လုပ်တယ်ဆိုတာရယ် ဟွန်း COVID-19 တော်တော်မွှေတာဘဲ။
Comments
Post a Comment