အိပ်မက်
ကိုယ်ငယ်ငယ်ကအိပ်မက်ကလေးပါ
ကိုယ်ငယ်ငယ်ကအမြဲမအိပ်ခဲ့ရဘူး
ကိုယ့်မိဘတွေကလည်း
ကိုယ်ရှင်းပြတာကိုအချိန်ပေးနားထောင်ဘို့မအားဘူးလေ
သူတို့မှာလည်း သားသမီး ၄ ယောက် ကျောင်းတပြိုင်တည်းထားဘို့
နေ့ဘို့ညစာအလျင်မီအောင်လုပ်နေတော့
ကိုယ့်ရဲ့ အူကြောင်ကြားစကားတွေကိုနားထောင်ဘို့ အချိန်မပေးနိုင်ခဲ့ဘူး
ကိုယ်ငယ်ငယ်ကအိပ်တော့မယ်ဆိုအသံတခုအမြဲကြားရပါတယ်
အခုဒီစာပြန်ရေးချိန်မှာတောင်သတိရပြီးပြန်ရောက်လာမှာတအားကြောက်ပါတယ်
အဲတာကတော့တောင်ဝှေးတစ်ချောင်းနဲ့
တဒီဒီရောက်လာတတ်တဲ့အဘိုးကြီးတယောက်ပါ
မအိပ်ရေတော့ပါဘူး
ကိုယ့်ဘေးမှာပတ်လျှောက်နေတာ
ပြောပြရင်တောင်ယုံကြမယ်မထင်ပါဘူး
Comments
Post a Comment