အိတ်ပိတ်ထားသောစာစု (zephyr)
နှင်းတဖွဲဖွဲ .... တိုးတိတ်နံနက်ခင်းသာယာ.... လှပနူးညံ့သောခြေလှမ်းမှားသာသက်သေ .................. တနေ့တနေ့ ကိုယ်စိုက်ပျိုးသမျှကို ရိတ်သိမ်း မငြိမ်းနိုင်တဲ့အလွမ်းတွေ အလေ့ကျပေါက်လွန်းနေတယ် (Zephyr) နှလုံးသားကို အစိမ်းရောင်ကြက်ခြေခတ်တစ်ခုနဲ့သာခတ်ပိတ်ထားပါသည် လွမ်းရမှာကိုကြောက်တဲ့ ပန်းလေးတစ်ပွင့် မနက်ဖြန်လှလှကို အရောင်ခြယ်ထားရင်း သူ့ကိုယ်သူအားတင်းမျှော်ကြည့်နေပြန်တယ် အခါခါရှုံးနိမ့်နေကျ မျက်လုံးတွေနဲ့ ငြင်းဆန်လိုက်တဲ့နောက်မှာ ဗလာထဲမှာရှိနေတဲ့ တစ်ခုခုဟာ ငါပဲပေါ့ သောကဟာ ခရမ်းရောင်နုနုလို ရေမှုန်ရေမွှားလေးတွေနဲ့လက်စင်ဝင်းပနေမလား အိပ်မက်ထဲကချစ်သူ ငိုရှိုက်သံတစ်စဟာ ဘဝဂ်အထိခါးသွားတယ် ပြောပါ လူမမာတစ်ယောက်လို ဖျော့တော့နေတဲ့ ယုံကြည်မှုတစ်ခုကို ဘယ်လိုတပ်ဆင်လို့ရသေးလဲပြောပါ သစ်ရွက်လေးကြွေကျမှာငေးကြည့်နေတဲ့သူတစ်ယောက်နဲ့ ကြယ်တစင်းကြွေချိန်မှာငေးကြည့်နေတဲ့သူတစ်ယောက် အကြည့်ချင်းမဆုံခဲ့တာ သဘာဝကျကျ ကြွေကျမှုတစ်ခုလို့ဘဲပြောပါ ပျောက်သောသူရှာရင်တွေ့မယ်လို့ပြောပါ ရှာရင်တွေ့မယ်လို့ပြောပါ သစ်ရွက်လေးသာကြွေကျသွားမယ် ပျောက်သောသူရှာရင်တွေ့မယ်လို့ပြောပါ ကြ...