ခံစားချက်
ကိုယ့်ရင်ထဲခံစားရတာတွေကိုဖွင့်စရာနေရာအိမ်သစ်လေးကို မျက်ရည်တွေနဲ့ စရတာတော့ မကောင်းဘူးထင်ပေမယ့် မတတ်နိုင်ဘူးလေ ။ ဒီနေ့ ဘလေ့တွေလျောက်သွားရင်း လင်းဒီပရဲ့အဝေးကငှက်တွေဖတ်ပြီးတော်တော်ခံစားရတယ် ။ မိဘကိုခေါ် နိုင်ဘို့ကြိုးစားရင်း ကိုယ်တိုင်လှုပ်မရဘူးဖြစ်နေတယ် ပြန်သွားတုန်းကတော့တော်တော်ကြေကွဲတယ်၊ ကိုယ့်တိုင်းပြည်မှာ မကိုယ်မနေနိုင်လို့ အရာရာပိုဆိုးလာတယ်လေ ကိုယ်ကအမေ့ကိုအရမ်းချစ်သူလေ ရည်မှန်းချက်တလှေကြီးနဲ့ အသက်ကြီးတဲ့မိဘတွေကိုခွဲလာ ကိုယ်မှန်းထားတာနဲ့ကြုံရတာကွာဟ ချက်ကြီးမားလာတဲ့အခါ တယောက်တည်းနာကျင်ကြေကွဲတတ်လာတယ် ၂၄ နာရီမှာ ၂၅ နာရီလောက်ကိုအိမ်ပြန်ချင်တယ် အဖေနဲ့သိပ်အစေးမကပ်ပေမယ့် မိဘဆိုတော့ချစ်ရတာဘဲ တစ်ရက်မပြတ်အိမ်ကိုအိပ်မက်မက်တယ် ကိုယ်သာမီလျံနာဖြစ်ရင်ဆိုတဲ့ခပ်ကြောင်ကြောင်အတွေးတွေလဲဝင်တယ် တကယ်သာမတော်တဆ မီလျံနာဖြစ်ကြည့် အိမ်ပြန်ပြီးတော့ကို တစ်သက်မိဘနဲ့မခွဲတော့ဘူး မိဘတွေရင်နာရသလို ကိုယ်တို့သားသမီးတွေလဲ ရင်တွေကွဲအက်ရတာပါဘဲ ယဥ်ကျေးမှုချင်းအရှေ့အနောက်ကွာသလိုခံစားချက်တွေ တွေးတောပုံတွေလဲကွာတယ် နိုင်ငံနဲ့ချီပြီးအထင်သေးခံရတာလဲပါတယ် ကိုယ်တို့လူမျိုးကိုလုံးဝမသိတာလဲပါတယ် သိတဲ့သူကျပြန်တော့လဲ အဆို...

Comments
Post a Comment