Posts

အိပ်မက်

ကိုယ်ငယ်ငယ်ကအိပ်မက်ကလေးပါ ကိုယ်ငယ်ငယ်ကအမြဲမအိပ်ခဲ့ရဘူး ကိုယ့်မိဘတွေကလည်း ကိုယ်ရှင်းပြတာကိုအချိန်ပေးနားထောင်ဘို့မအားဘူးလေ သူတို့မှာလည်း သားသမီး ၄ ယောက် ကျောင်းတပြိုင်တည်းထားဘို့  နေ့ဘို့ညစာအလျင်မီအောင်လုပ်နေတော့ ကိုယ့်ရဲ့ အူကြောင်ကြားစကားတွေကိုနားထောင်ဘို့ အချိန်မပေးနိုင်ခဲ့ဘူး ကိုယ်ငယ်ငယ်ကအိပ်တော့မယ်ဆိုအသံတခုအမြဲကြားရပါတယ်  အခုဒီစာပြန်ရေးချိန်မှာတောင်သတိရပြီးပြန်ရောက်လာမှာတအားကြောက်ပါတယ် အဲတာကတော့တောင်‌ဝှေးတစ်ချောင်းနဲ့ တဒီဒီရောက်လာတတ်တဲ့အဘိုးကြီးတယောက်ပါ မအိပ်ရေတော့ပါဘူး ကိုယ့်ဘေးမှာပတ်လျှောက်နေတာ အိပ်လဲမအိပ်ရဲ လှုပ်လဲ မလှုပ်ရဲနဲ့ ၄ တန်းလောက်ထိကို ငရဲကျသလိုဖြစ်ခဲ့တာပါ ပြောပြရင်တောင်ယုံကြမယ်မထင်ပါဘူး 

နိဒါန်း

ရိုးရိုးရှင်းရှင်းဘဲရေးမယ် စဥ်းစားလိုက်ဘယ်ကစရေးရမလဲမသိဖြစ်လိုက် ငယ်ငယ်ကဒိုင်ယာရီရေးတုန်းကလို သူများဖတ်မှာလဲစိုးိမ် ဘယ်သိမ်းရမှန်းလဲမသိတော့ ဒီဘလောဂ်ကိုျက်လိုက်ဘို့ခဏခဏစဥ်းစားမိတယ် ဒါမေမဲ့လည်းလူဆိုတဲ့အတိုင်းတွယ်တာတတ်တဲ့သဘောရှိတာဆိုတော့ ဒါလေးကိုလည်းတွယ်တာနေပါတော့တယ် ရေးချင်တာတွေအများကြီးပါဘဲ အထူးသဖြင့်ကိုယ်ကအချိုးအကွေ့များခဲ့တဲ့သူတယောက်ဖြစ်ခဲ့လို့ပါ

ကြိုက်မိကြိုက်ရာ

နေပူပူမှာတူတူလျှောက်လှမ်းခဲ့တုန်းက မပူခဲ့ပေမဲ့ အရိပ်အောက်ကနေမျှော်ခဲ့ရတာပူပြင်းလွန်းလှပါရဲ့

ကျမရေးသောကျမ၏အခန်းဖော်

ဖိုးစိန် ဘလောဂ်မှာသွားရေးခဲ့တာလေးအမှတ်တရသိမ်းထားတယ်   အမအခန်းထဲမှာလဲရှိတယ် သူကတော့သဘောကောင်းသလိုဘဲ အမလဲအဲလိုဘဲပြောထားတာ ငါကကြောက်တတ်တယ် မစနဲ့ ကောင်းကောင်းနေ နေ့တိုင်းမေတ္တာပို့တာမရဘူးလားလို့မေးရတယ် သူကအမတစ်ခုခုဖြစ်ခါနီး(အဆိုးပေါ့လေ) ဆိုမီးတွေကိုမှိတ်ပစ်တတ်တယ် အဲဒါဆိုသတိထားနေတော့ ဘုရားသာများများရှိခိုးပေရော့ အဆိုးတွေလာပြီလို့ ၃ ခေါက်တိတိကြုံပြီးချိန်မှာသိသာလို့သတိထားမိသွားတာ သူမီးတွေမှိတ်ပစ် breaker တွေကို တချောက်ချောက်နဲ့ဒေါင်းပြီဆို ကဲကဲ ငါသိပြီ ဘုရားရှိခိုးမယ် အဆိုးလာမယ်ဆိုရင်တောင်ငါ‌ဖြေရှင်း လို့ရမှာပါလို့ပြောရတယ် ဟဲဟဲ ကြောက်တော့ကြောက်တယ် ဒါကြောင့်မေ့ထားတယ် မောင်ဖိုးစိန် ပြန်တင်တဲ့ပို့စ်ကိုဖတ်ပြီးရေးချင်လာလို့ ဂျူ 

ခံစားချက်

ကိုယ့်ရင်ထဲခံစားရတာတွေကိုဖွင့်စရာနေရာအိမ်သစ်လေးကို မျက်ရည်တွေနဲ့ စရတာတော့ မကောင်းဘူးထင်ပေမယ့် မတတ်နိုင်ဘူးလေ ။ ဒီနေ့ ဘလေ့တွေလျောက်သွားရင်း လင်းဒီပရဲ့အဝေးကငှက်တွေဖတ်ပြီးတော်တော်ခံစားရတယ် ။ မိဘကိုခေါ် နိုင်ဘို့ကြိုးစားရင်း ကိုယ်တိုင်လှုပ်မရဘူးဖြစ်နေတယ် ပြန်သွားတုန်းကတော့တော်တော်ကြေကွဲတယ်၊ ကိုယ့်တိုင်းပြည်မှာ မကိုယ်မနေနိုင်လို့ အရာရာပိုဆိုးလာတယ်လေ ကိုယ်ကအမေ့ကိုအရမ်းချစ်သူလေ  ရည်မှန်းချက်တလှေကြီးနဲ့ အသက်ကြီးတဲ့မိဘတွေကိုခွဲလာ ကိုယ်မှန်းထားတာနဲ့ကြုံရတာကွာဟ ချက်ကြီးမားလာတဲ့အခါ တယောက်တည်းနာကျင်ကြေကွဲတတ်လာတယ် ၂၄ နာရီမှာ ၂၅ နာရီလောက်ကိုအိမ်ပြန်ချင်တယ် အဖေနဲ့သိပ်အစေးမကပ်ပေမယ့် မိဘဆိုတော့ချစ်ရတာဘဲ တစ်ရက်မပြတ်အိမ်ကိုအိပ်မက်မက်တယ် ကိုယ်သာမီလျံနာဖြစ်ရင်ဆိုတဲ့ခပ်ကြောင်ကြောင်အတွေးတွေလဲဝင်တယ်  တကယ်သာမတော်တဆ မီလျံနာဖြစ်ကြည့် အိမ်ပြန်ပြီးတော့ကို တစ်သက်မိဘနဲ့မခွဲတော့ဘူး မိဘတွေရင်နာရသလို ကိုယ်တို့သားသမီးတွေလဲ ရင်တွေကွဲအက်ရတာပါဘဲ ယဥ်ကျေးမှုချင်းအရှေ့အနောက်ကွာသလိုခံစားချက်တွေ တွေးတောပုံတွေလဲကွာတယ် နိုင်ငံနဲ့ချီပြီးအထင်သေးခံရတာလဲပါတယ်  ကိုယ်တို့လူမျိုးကိုလုံးဝမသိတာလဲပါတယ် သိတဲ့သူကျပြန်တော့လဲ အဆို...