ကိုယ့်ရဲ့အရင်အလုပ်မှာဝန်ထမ်းတွေအတွက်လိုအပ်တဲ့သင်တန်းတွေကို ပုံမှန်ပေးလေ့ရှိတယ် ၊ အဲဒီထဲက Influencing with Impact ( IWI ) ဆို့သင်တန်းကိုတက်ခဲ့ရတယ် ။ စစတက်တဲ့နေ့မှာ သ်တန်းဆရာက ပုံတပုံပေးတယ် သစ်ပင်ကြီးပေါ်မှာ လူတွေထိုင်နေတာ ။ ကိုယ်အခုဘယ်ရောက်နေပြီလဲဆိုတာကို မှင်နီလေးနဲ့မှတ်ခိုင်းတယ် ၊ ဘယ်လူပုံမှာလဲပေါ့ ။ အချို့ကအောက်မှာ အချို့က။ အချို့ကအပေါ်မှာ ။ အချို့က သစ်ကိုင်းအစွန် ။ အချို့က သစ်ကိုင်းရင်း ။ အစရှိသဖြင့်ပေါ့လေ ။ ပြီးသွားတော့အဲဒီစာရွက်ကိုမှောက်ထားပြီးနောက်တခုပြောတယ်။ ကျွန်းတကျွန်းမှာ သဘေ ႅ ာပျက်ပြီးသောင်တင်နေတဲ့လူတွေရှိတယ်ပေါ့လေ ။ အသက်အရွယ်မျိုးစုံ ။ ကျန်းမာရေးမျိုးစုံ ။ အလုပ်မျိုးစုံ ။ သူရွေးခိုင်းတာက တကယ်လို့လာကယ်တိဲ့လှေကအကုန်မကယ်သွားနိုင်ဘဲ ၁၀ ယောက်ဘဲသယ်နိုင်မယ်ဆိုရင် ကိုယ်တို့ ဘယ်သူကိုတက်ခိင်းမလဲဆိုပြီးရွေးခိုင်းတာ ။ ရွေးကြတာပေါ့လေ ။ ကိုယ့်ဥာဏ်မှီသလောက် ။ ပြီးလဲပြီးရောဆရာကတစ်ယောက်စီကိုမေးတာ ။ ထုံးစံအတိုင်းတစ်ယောက်နဲ့တစ်ယောက်မတူဘူးလေ ။ အားလုံးလဲပြီးသွားရော ဆရာက ကဲ အားလုံးပေါင်းပြီးရွေးရမယ်ဆို ဘယ် ၁၀ ယောက်ကိုရွေးမလဲဆိုတော့ ငြင်းကြပြီပေါ့ ။ ကိုယ်ရွေးတာအမှန်လို့ထင်ကြတာကိုး ။ ...