စကားသံများ
သူ (၁) ကျွန်တော်ရှေ့မှာရှိနေပါလျက်နဲ့အဲဒီလူကြီးကိုသတိရနေတာ ကျွန်တော်အရမ်းခံစားရတယ်
သူ (၂) How can I tell her about you သီချင်းမတိုးမကျယ်ကြားကသူပြောသည် အောက်မှာကားရပ်ထားတယ် မင်းပြန်ချင်ရင် ပြန်ပို့ပေးဘို့ပြောထားတယ် မင်းကသိပ်ရဲရင့်သူ ဘဝကိုတစ်ယောက်တည်းရင်ဆိုင်နိုင်သူ ကိုယ်ယုံတယ် ကိုယ်နောက်ထပ်တယောက်ကိုတွေ့နေပြီ သူက ကိုယ့်ကိုသိပ်အားကိုးတယ် သူကကိုယ့်ကိုပိုလိုအပ်တယ်
သူ(၃) ကိုယ်မင်းကိုကြိုက်တယ် မင်းအပြုံးကိုကြိုက်တယ် မင်းရဲ့ ရဲရင့်မှုကိုကြိုက်တယ် မင်း့အတူရှိနေရတာကိုလဲကြိုက်တယ် ဒါပေမယ့်ကိုယ့်ကိုလွှမ်းမိုးမှာကိုတော့မကြိုက်ဘူး ဘယ်တော့မှမကြိုးစားလေနဲ့ ကြိုက်တာနဲ့မာနနဲ့တခြားစီ ဒါနဲ့မင်းမှာသုံးစရာရှိရဲ့လား ကိုယ်ပို့ပေးမယ်လေ အဝေးရောက်အချစ်ကိုလွမ်းနေတယ် မင်းကောကိုယ့်ကိုလွမ်းရဲ့လား
သူ (၄) မင်းကိုအမြဲသတိရနေမှာ မင်းကထူးခြားတယ် ဘယ်နိုင်ငံကလဲ အိုး ကိုယ်မင်းနိုင်ငံကိုမသိဘူး ဒါပေမယ့်မင်းကစိတ်ဝင်စားဘို့ကောင်းတယ် ရော့ ဒါကိုယ်တိုင်ချက်တဲ့ ပါစတာ ကိုယ့်မားသားကြီးကိုယ်တိုင်လုပ်ပြီးပို့ပေးတာ ဘဝမှာမိန်းကလေးတစ်ယောက်ကိုချက်ကြွေးဘူးတာ ပထမဆုံးဘဲ အီတလီကိုလိုက်ခဲ့ပါ ဖားသားကြီးကမင်းကိုသဘောတွေကျနေတယ်
သူ (၅) မင်းကခေါင်းမာတယ် ဒီမယ်မှတ်ထား ငါကတကျောင်းလုံးပထမရခဲ့တာ အတော်ဆုံးထဲမှာပါတယ် မင်းကိုယ့်လောက်ဗဟုသုတမရှိဘူး ဒီကားက ငါ့မားသားကြီးကား ဖြည်းဖြည်းပိတ်နော် ငါတို့တယောက်ကို ကား ၂ စီးစီလောက်ရှိတာ နောက်နေ့ ဟမ်းမားယူလာမယ် ကမ်းခြေသွားရအောင် မင်းအကျိုးရှိမယ့်ပညာတွေဆက်သင်ပါလား မင်းတို့တိုင်းပြည်ကဘွဲ့ကသုံးလို့မှမရတာ
သူ(၆) မင်းကလေတော်တော်ကပ်စေးနဲတယ် ချစ်ဘို့လဲကောင်းတယ် အရက်မသောက်နဲ့လေ သောက်ချင်ရင်ကိုယ်တိုင်ဝယ်ပေးမယ် အပြင်မှာမသောက်နဲ့ အိပ်နေတာလား ဘာသောက်မလဲ စားချင်တာရှိရင်ပြောလေ ဒါမှမဟုတ် စတားဘာ့ခ်ရောက်မှကော်ဖီသောက်မလား ဘာလို့ဖုန်းမကိုင်တာလဲ ခေါ်နေတာ ၁၀ မိနစ်ရှိနေပြီ စိတ်မပူနေနဲ့ ဘာလို့မအိပ်တာလဲ လမ်းလျောက်ရအောင် လာခေါ်မယ် အိပ်ပျော်အောင်အိပ် ပြောပါအုန်း ဒီနေ့ဘာတွေလုပ်နေလဲ ကိုယ်ဘာလုပ်လဲ ဘယ်သွားလဲမမေးနဲ့ မကြိုက်ဘူး လိုအပ်ရင်ပြောပြနေတာဘဲ
သူမအခုတော့ တစ်ယောက်တည်းအထီးကျန် ဘယ်သူ့ကိုလွမ်းရမလဲ ဝေခွဲမရမြဲ
စကားသံတွေဟာ တစ်ခုပြီးမှတခုကြားခဲ့သလား
တစ်ပြိုင်တည်း ၂ ယောက် ၃ ယောက်စီကကြားခဲ့သလား မမှတ်မိတော့
သိနေတာကတော့ လောလောဆယ်တိတ်ဆိတ်နေခဲ့ရတဲ့ ရင်ထဲကအသံတွေ
Comments
Post a Comment