ဘ၀တစ်ချိုး အလှည့်အပြောင်း
လက်ပ်တော့ က အလင်းရောင်ပြန်ကြောင့်  အနားမှာကွက်ကွက်ကလေးလင်းနေသည် ။ ကိုယ်ဘာကိုကြည့်နေမိလဲမသိ ၊ ဘယ်လောက်ကြာသွားပြီလဲမသိ ။ ခပ်တိုးတိုး ၂၄ နာရီဆက်တိုက်ဖွင့် ထားသော တရားသံက မကြားတချက် ကြားတချက် ၊ ဘယ်ဆရာတော်ဟောလို့  ဘယ်နှစ်ပုဒ်မြောက်နေပြီမှန်းမသိတော့  ၊ ဘုရားစင်မှ လက်ဒ် မီးလုံးကလေးတွေ မှိတ်တုတ် မှိတ်တုတ်အပြင် ဖယောင်းတိုင်မှ မလင်းတလင်း အရောင်တွေကို စိတ်ထဲခံစားရသည် ။ တချက်တချက် လေအေးပေးစက်မှ မတိုးမကျယ်စက်သံက ပျင်းစရာကောင်းလွန်းလာသည် ။ သူ လွတ်မြောက်ချင်ပြီ ။ ကိုယ့်ဘ၀နှင့် ကိုယ် အကျယ်ချုပ်ဖြစ်နေခြင်းကို လွန်မြောက်ချင်ပြီ ။ ဘာကြောင့် မှန်းမသိ တွေတွေကျနေသော မျက်ရည်တွေကို အံ့ သြတကြီးခံစားနေရသည် ။ ကံကောင်းတာက သူ့ မှာအာရုံခံနိုင်စွမ်းတချို့ ကျန်နေသေးတာ။ တခါတရံ သူမမြင်ရသော တစုံတစ်ယောက်ရဲ့ သတိပေး အသံဗလံမှ တပါး သူထိုင်နေခဲ့ တာ ဘယ်လောက်ကြာသွားပြီလဲမသိတော့  ။ သိနေသည်က သူအိပ်ယာကထလာခဲ့ ပြီး လက်ပ်တော့ ရှေ့ မှာ ထိုင်နေခဲ့ တာဘဲဖြစ်သည် ။ တစ်ခုတည်းသော အဖြစ်ချင်ဆုံးက သူလွတ်မြောက်ချင်လှပြီ။
Comments
Post a Comment