ကလေးတို့ အမေ အပျိုတွေ

ဒီနေ့  လူတွေ့ မေးမြန်းခန်းတခုမှာ မိသားစုအကြောင်းမေးတယ် ။ ကိုယ်က Single ပါ ။ အဖေနဲ့ အမေနဲ့ ရှိတယ် ။ သူတို့ အသက်ကြီးကြပြီ ။ ဘာညာပေါ့  ။ မေးသူကသွယ်ဝိုက်မေးတယ် ၊ ကိုယ့် အသက်ကို ၄၀ ကျော်လို့ သူတို့ မှမသိတာကွယ် ။ ငတုံးကိုယ်က ဘာမေးမှန်းမသိတော့  အူကြောင်ကြောင်နဲ့ ကြည့် နေရော ။ နောက်ဆုံး ကလေး ဘယ်နှစ်ယောက်ရှိလဲတဲ့  ။ အားရပါးရ ရီချင်သွားတယ် ။ ဒီနိုင်ငံမှာနေလာတာဘဲ ၉ နှစ်ရှိပြီ ။ အခုထိ အဲဒီမေးခွန်းမေးရင် အဲဒီအကြောင်းမေးတာလို့ ကို မယူဆသေးဘူး ။ ဒီနိုင်ငံမှာ Single Mother များတယ် ။ ဖိလစ်ပိုင်တွေပေါ့ အဓိက ၊ ကိုယ့် ရူပါကလဲ အမြဲ အဲဒီလူမျိုးနဲ့ တူနေတော့  Single လို့ ဖြေတိုင်းအဲလိုမေးခံထိတာမမှတ်ဘူး ။ အူကြောင်ကြောင်နဲ့  ဟဲ့  Single ပါဆို ကလေးရှိရမလားလို့ ပြန်မေးနေကျ ။ ဒီနေ့ ကတော့ ပြန်မေးလို့ ရတဲ့ အခြေအနေမဟုတ်တော့  ငါတို့ နိုင်ငံမှာ Single Mother ဆိုတာ မရှိဘူး ။ Single ဆိုရင် ကလေးရှိလားလို့ မေးစရာမလိုဘူး ။ အမျိုးသားဆုံးသွားလို့ တစ်ယောက်တည်းဘ၀ကိုရင်ဆိုင်ရသူနဲ့  အိမ်ထောင်က ဆက်ပေါင်းလို့ ကို မရလို့ ကွာရှင်းရသူတွေဘဲ ကလေးရှိတယ် ။ သူတို့ ကလဲ Single Mother မဟုတ်ဘူး ။ ဘ၀ကို တာဝန်ရှိရှိကျော်ဖြတ်နေသူတွေ ။ ငါတို့ နိုင်ငံက အဲဒီ Single Mother ကိုသိပ်လက်မခံဘူး ။ အဓိက ကတော့  ဒီက Single Mother တွေက ကလေးအဖေ ဘယ်သူမှန်းမသိဘဲ မွေးတာ ၊ ဒါမှမဟုတ် ကလေးအဖေ အမည်မခံချင်သူနဲ့ အကြောင်းပါတာ ။ သိပ်ဂုဏ်ယူကြတယ် ။ ကိုယ်အဲလိုပြောလိုက်ပြီးမှာ ကိုယ့် နိုင်ငံရဲ့ ယဉ်ကျေးမှုကို သဘောကျသွားတယ် ။ ဒါပေမယ့်  ဆိုပြီး ဆက်ပြောလိုက်တယ် ခေတ်တွေကပြောင်းလာတော့ အခုတော့ ရှိချင်ရှိနိုင်တယ်ဆိုပြီး ။ တော်ကြာ သူ research လုပ်လို့ တွေ့ သွားရင် သေအုန်းမယ် လိမ်ပြောတယ်ဆိုပြီး ။

Comments

Popular posts from this blog

ခံစားခကျြ

တူညီသောခံစားချက်

နာကျင်မှု