စက်တင်ဘာ ၉ ၂၀၁၇ မှတ်စုများ
စက်တင်ဘာ ၉ ၂၀၁၇
ရေခဲသေတ္တာထဲမှာ အပြင်မှာ ကစ်ချန်းဘီဒိုမှာ စားစရာလုံးဝမရှိတော့လို့ ပျင်းပျင်းနဲ့ စူပါမားကတ်ကိုသွားတယ် ။ ဆွဲခြင်းအသေးလေးကို လက်တွန်းလှည်း အသေးလေးထဲထည့် ။ ဝယ်တာဝယ်တာ နောက်တခြင်းသွားယူ ထည့်။ အပေါ်ခြင်းအောက်ခြင်းအပြည့်။ စာရင်းရှင်းလိုက်တော့ အိမ်ရောက်ရင် ချက်ခြင်းစားစရာမရှိ။ ဘာတွေကောက်ထည့်လာလဲဆိုတာလဲမသိတော့။ 😛😛😛😛 ဒါနဲ့ ဘုံဘေချော်ပရာမှာ မဆလာတိုရှည်ဝယ် (ကုလားစာကလဲကြိုက်သေး) ။ မီနူးကိုကြည့်တော့ ထမင်းကြော်တွေ့။ (ကြက်၊ အမဲ၊အသီးရွက်) ။ စိတ်က ထမင်းကြော်မစားချင်။ ရောင်းနေတဲ့ ကုလားလေးကို ထမင်းအဖြူရောင်းပေးပါ ။ ထမင်းကြော်ဖိုးပေးပါ့မယ်ဆိုတော့ ၊ no mam, no steam rice, only fried rice have တဲ့ ။ ထမင်းကြော်က ထမင်းအဖြူနဲ့မကြော်ဘဲ ဘာနဲ့ကြော်လဲမသိ ။စိတ်ကသိပ်မကြည်ပေမယ့် စကားမများချင် (များလဲသူနားလည်မယ်မထင်) တာနဲ့ တိုရှည်ဘဲပါဆယ်ထုတ်လာရတယ် ။ မောတယ် ။ 😫😫😫
မပျော်တော့သူတစ်ယောက်ရဲ့ မှတ်စု (၂)
တချိန်ချိန်လွန်မြောက်ခဲ့ရင် (သို့) မကျော်နိုင်ခဲ့ရင် သို့လောသို့လောမဖြစ်စေဘို့ပါ။ ဟိုရောက်ဒီရောက် စာစုပေါ့။
လွန်ခဲ့တဲ့ ၃ လလောက် အတိအကျပြောရရင် မေ ၁ ရက်နေ့ကစလို့ ဘဝမှာ အချိုးအကွေ့အကြီးကြီးဖြစ်ခဲ့တယ်။ ကောင်းသောပြောင်းလဲခြင်းမဟုတ်ဘဲ အရှိုက်ကို အလစ်မှာတည့်တည့်ထိုးခံရသလိုဖြစ်ခဲ့တယ်။ အသက်မရှုနိုင်ဘူးဆိုတဲ့ခံစားချက်ကို တကယ်နားလည်ခဲ့တယ် ။ အိပ်ပျက်ခြင်းများစွာ မူးဝေရီနောက်ခြင်းများစွာ နဲ့ ခရီးဆက်နေရတုန်း ။ အဆိုးတွေဟာ အားသာချိန်မှာ တခုပြီးတခုဝင်လာတုန်းဘဲ။ ဘဝမှာ ဒီလောက်စိတ်မကျဘူးခဲ့ဘူး။ ဘုရားကို မျက်ရည်နဲ့ နေ့တိုင်းနီးပါးပြောပြဖြစ်တယ် ။ ရှေးက ကုသိုလ်ပြုခဲ့ဘူးသည့် ကောင်းမှုအထူးရှိပါစေဆိုတာတွေ ။ ဖုဋ္ဌဿလောကဓမ္မေဟိတွေကိုလက်မခံချင်ဘဲလက်ခံ တောင့်ခံနေခဲ့ရတယ်။ တွေးမိတာက ဒီဘဝမှာတော့ ငါမကောင်းမှု မလုပ်ဖူးဘူး သူများထိခိုက်အောင်မနေဖူးဘူးလို့ ယုံနေခဲ့တယ်။ တနေ့က သူငယ်ချင်းနိုင်ငံခြားသူ တစ်ယောက် နဲ့ပြောဖြစ်တယ် ။ ဖြစ်စဉ် အစအဆုံးသိနေသူပေါ့လေ။
သူတို့မှာ ပုဗ္ဗေစတွေ ဖုဋ္ဌဿတွေမရှိဘူး။ ဘာရှိလဲဆိုတော့ လက်တွေ့ကျကျဘဝအတွေးအခေါ်ရှိတယ် ။ ကိုယ်တော်ရုံနဲ့မပြီးဘူး။ နေရာလိုချင်သူ နေရာပေး ချနင်းရမယ့်သူကိုချနင်း အကြိုက်လိုက်ပြီးနေရတယ် ကာလံဒေသံ ပေါ့လေ။ အဲဒါကို ကိုယ့်ကို ထောက်ပြခဲ့တယ်။
နောက်တခုက ဒီအတောအတွင်းတွေမှာ တစိမ့်စိမ့်တွေးမိတာက ဆူဆိုဒ်လုပ်သူတွေအကြောင်းကိုရောဘဲ ။ ဒီဘဝကလွတ်ရင်ရပြီ လို့ဘာလို့တွေးလဲဆိုရင် သူတို့ သိပ်မွန်းကျပ်နေခဲ့လို့ဖြစ်မယ်။ ကိုယ်တိုင်မွန်းကျပ်လာမှ ဒါကိုနားလည်လာတာ။
နောက်တခုက မဟုတ်တာလုပ်နေပြီး ထိပ်ဆုံးရောက်နေသူတွေကို တွေးမိတယ် ။ ဗုဗ္ဗေစတွေ သိပ်ကောင်းခဲ့လို့နေမယ်။ သူတို့တွေ သိပ်ကံကောင်းကြတယ် ။
ဗေဒင်တွေကိုလဲတွေးမိတယ် ။ အကြားအမြင် ဗေဒင် ယတြာဆိုတာ တကယ်ဖြစ်လာရင် ဘာမှမဟုတ်ဘူးဆိုတာပါဘဲ ။ သူတို့လဲ ဘာမှမတတ်နိုင်ဘူးလေ။
တကယ်တော့ ကမ္ဘာမှာ ကြီးစိုးနေတဲ့ဝါဒတွေ ဘာသာရေးတွေဟာ ဖြစ်ပြီးသားကိုဘဲ ဘာကြောင့်ဖြစ်တယ်လို့ အဖြေထုတ်နိုင်ပြီး မဖြစ်သေးတာကိုတားဘို့တော့ မဖြစ်နိုင်ကြဘူး။
ဖြစ်လာရင်ကြံ့ကြံ့ခံလို့ဘဲပြောကြတယ် ။ သူတို့မပြောလဲ ခံနိုင်ရည်ရှိသူက ဆက်ခံ မရှိသူက ဘဝကိုတနည်းနည်းနဲ့အဆုံးသတ်ကြတယ်။
တကယ်ခံစားရရင် ဘယ်ဘာသာကမှ မအေးချမ်းစေနိုင်ဘူး။ အင်မတန် ဗုဒ္ဓဘာသာကိုယုံကြည်ခဲ့တဲ့ ကံ၊ ကံရဲ့ အကျိုးနဲ့အကြောင်းကို နားလည်ခဲ့တဲ့ကိုယ် ကိုယ်တိုင် အလူးအလဲဘဲ။
ဘယ်အချိန်ရပ်တန့်မလဲ ဒါမှမဟုတ် ကိုယ်တိုင်ရပ်တန့်ဖြစ်မယ်မသိတဲ့ ကိုယ့် ဇီဝစိတ်ကလေးကို စောင့်ကြည့်နေတယ် ။
ဒါမှမဟုတ် ကိုယ် ဖုန်းနံပါတ်အမှားကြီးကိုများ ဆက်မိနေတာများလား။
မပျော်ခြင်းအထိမ်းအမှတ်နဲ့ ကော်ပြန့်ကြော်တယ် ၊ အာလူးအတုံးတွေကြော်တယ်၊ ပြောင်းဖူးပေါက်စတွေကြော်တယ်၊ ကြော်ပြီးပြီးခြင်း သခွားသီးနဲ့ ပယ်ရီပယ်ရီဆော့စ်နဲ့ မြည်းတယ်၊ ပြီးတော့ ဒီတော့က်စ် ရေနွေးကြမ်း သောက်တယ်၊ အရက်မသောက်တာနှစ်ချီပြီမို့ မသောက်ချင်တော့ဘူး။ မနက်ဖြန် အင်ပြင်တွေ အကွက်လိုက်ထစေသတည်း ။
အိုရီးဒူက မြန်နှုန်းမြင့် အင်တာနက် ၂လ အလကားပေးတယ် ။ ဈေးကွက်မြှင့်တင်ရေးပေါ့လေ။ ၁၀ အမ်ဘီကနေ ၂၅ အမ်ဘီပေးတယ် ။ ကိုယ်လဲသဘောကျတယ် အိမ်ကို အပလီကေးရှင်းတွေက တဆင့် စကားပြော အမေတို့ကိုလဲ မြင်ရတယ်ပေါ့လေ ။ နောက်ထပ် ၁၀၀ ထပ်ပေးရပေမယ့်ယူလိုက်မယ်ပေါ့။ ဟော အခု ရန်ကုန်ကနေ အစ်ဒ်ပိတ်ရက်ပြန်လဲရောက်ရော ဘယ်အပလီကေးရှင်းမှ သုံးမရဘူး ။ ကြားရလား ကြားရလားနဲ့ နောက်ဆုံး ဖုံးသုံးပြီးခေါ်လိုက်ရတယ် ။ ဒါနဲ့ အိုရီးဒူ ကို ဖုန်းခေါ် အလကားပေးတဲ့ရက်လဲကုန်ခါနီးပြီ ။ ငါမယူတော့ဘူးလို့ပြောလိုက်တယ်။ မဒမ်ဘာလို့လဲတဲ့ ။ ငါ အင်တာနက် မြန်နှုန်းမြင့်ကို ပိုက်ဆံထပ်ပေးတာ ငါ့တိုင်းပြည်က ငါ့သူငယ်ချင်းတွေနဲ့ မိသားစုနဲ့ဆက်သွယ်ဘို့ ။ အခုမရတော့ ငါယူစရာမလိုဘူး လို့လဲပြောရော သကောင့်သားက အဲဒါအပလီကေးရှင်းကဖြစ်တာ နက်ကမဟုတ်ဘူး ဘာဘူးနဲ့ငြင်းတယ်။ ဒါနဲ့ ငါအခုမှ ငါ့တိုင်းပြည်ကပြန်လာတာ ဟိုဘက်မှာ ဘယ်အပလီကေးရှင်းမှ ဘာမှမဖြစ်ဘူး ။ ဒီရောက်တော့ အပလီကေးရှင်းတွေ သုံးမရဘူး။ စာရိုက်လို့ဘဲရတယ် အသံနဲ့ ရုပ်နဲ့ ဆက်သွယ်လို့မရဘူးဆိုမှ ဒင်းကငြိမ်သွားပြီး ဒါကအခိုက်အတန့်လေးပါ မဒမ်တဲ့ ။ ဘယ်လောက်ကြာတဲ့အခိုက်အတန့်လဲဆိုတော့ သူလဲသိဘူးတဲ့ ။ အေးလေ ဘယ်သူမှမသိတဲ့အခိုက်အတန့်ကို ငါပိုက်ဆံအလကားမပေးနိုင်ဘူး နင်ဆိုလဲပေးမှာမဟုတ်ဘူးဆိုတော့မှ အိုကေ မဒမ်။ ကွန်နက်ရှင်ပြန်လျော့ပေးပါမယ်တဲ့။ ငါဒီနေ့ ရန်ရှာနေတယ်ဆိုရင် မှန်မယ်။
အိမ်စာချုပ်ထပ်ချုပ်ရတယ် နှစ်ပြည့်သွားတာကိုး ။ အလုပ်ကပေးတဲ့ အကောင်းစားအိမ်မှာမနေချင် (လုံခြုံရေးက မော်နီတာလုပ်နေတာကိုး ဘယ်သူလာ ဘယ်အချိန်က ဘယ်လောက်နေ ဘာတွေလုပ် ) တော့ အပြင်မှာထွက်နေတယ်။ ဒီမှာလဲ စီးပွားကျတယ် အိမ်ငှားခ နဲနဲကျတယ် ။ ချက်ခ်တွေပေး စာချုပ်တွေချုပ် စက်ကျူရတီ ဒပို့စစ် ချက်ခ်လဲ ပေးရော (အဲဒီချက်ခ်က ဒိတ်မပါဘဲ အလွတ်ပေးရတာ အိမ်ရှင်က ကြိုက်တဲ့ဒိတ်ရေးခွင့်ရှိတယ်) အိမ်မြေငှား အကောင့်မန်နေဂျာက မပေးနဲ့အရင်ချက်ခ်ကိုဘဲဆက်ယူထားမယ်တဲ့။ လူက အအူ အအ လဒူ ပုံပေါက်နေတယ်ထင်တယ် ။ အဲဒါနဲ့ မဟုတ်ဘူးလေ အရင်ချက်ခ်က အရင်နှစ်အတွက်ဆိုတော့ ဒီနှစ်လဲ အဲဒါဘဲယူထားမယ်တဲ့ ။ ကဲ နဲနဲတော့ လည်ကြောင်းပြရမယ်ဆိုပြီး အရင်နှစ်က ဒီထက်ဈေးကြီးတယ် အခုကဈေးလျော့တယ် ငါ့ကိုအရင်နှစ်ချက်ခ်ပြန်ပေး အိမ်လခမတူဘူးလေ ဆိုမှ အိုကေ အိုကေတဲ့ ။ လဒတွေရယ် ငါ အ တာတော့ဟုတ်ပါတယ် အဲလောက်လဲ မ အ သေးဘူးကွယ်။ အေးရှန်းဆိုရင် လဒူဆိုပြီး ပညာပြတာ။ ဟွန်း
Comments
Post a Comment