Posts

စကားသံများ

သူ (၁) ကျွန်တော်ရှေ့မှာရှိနေပါလျက်နဲ့အဲဒီလူကြီးကိုသတိရနေတာ ကျွန်တော်အရမ်းခံစားရတယ် သူ (၂) How can I tell her about you သီချင်းမတိုးမကျယ်ကြားကသူပြောသည် အောက်မှာကားရပ်ထားတယ် မင်းပြန်ချင်ရင် ပြန်ပို့ပေးဘို့ပြောထားတယ် မင်းကသိပ်ရဲရင့်သူ ဘဝကိုတစ်ယောက်တည်းရင်ဆိုင်နိုင်သူ ကိုယ်ယုံတယ် ကိုယ်နောက်ထပ်တယောက်ကိုတွေ့နေပြီ သူက ကိုယ့်ကိုသိပ်အားကိုးတယ် သူကကိုယ့်ကိုပိုလိုအပ်တယ် သူ(၃) ကိုယ်မင်းကိုကြိုက်တယ် မင်းအပြုံးကိုကြိုက်တယ် မင်းရဲ့ ရဲရင့်မှုကိုကြိုက်တယ် မင်း့အတူရှိနေရတာကိုလဲကြိုက်တယ် ဒါပေမယ့်ကိုယ့်ကိုလွှမ်းမိုးမှာကိုတော့မကြိုက်ဘူး ဘယ်တော့မှမကြိုးစားလေနဲ့ ကြိုက်တာနဲ့မာနနဲ့တခြားစီ ဒါနဲ့မင်းမှာသုံးစရာရှိရဲ့လား ကိုယ်ပို့ပေးမယ်လေ အဝေးရောက်အချစ်ကိုလွမ်းနေတယ် မင်းကောကိုယ့်ကိုလွမ်းရဲ့လား သူ (၄) မင်းကိုအမြဲသတိရနေမှာ မင်းကထူးခြားတယ် ဘယ်နိုင်ငံကလဲ အိုး ကိုယ်မင်းနိုင်ငံကိုမသိဘူး ဒါပေမယ့်မင်းကစိတ်ဝင်စားဘို့ကောင်းတယ် ရော့ ဒါကိုယ်တိုင်ချက်တဲ့ ပါစတာ ကိုယ့်မားသားကြီးကိုယ်တိုင်လုပ်ပြီးပို့ပေးတာ  ဘဝမှာမိန်းကလေးတစ်ယောက်ကိုချက်ကြွေးဘူးတာ ပထမဆုံးဘဲ  အီတလီကိုလိုက်ခဲ့ပါ ဖားသားကြီးကမင်းကိုသဘောတွေကျနေတယ် သူ (၅) မင်းက...

အမှတ်ရစရာ အပိုင်း (၁)

ကိုယ် ၂၀၀၈ မှာ ကာတာနိုင်ငံကို အလုပ်လုပ်ဖို့ထွက်ခဲ့တယ် ။ ပထမဆုံးအမှတ်ရစရာက အလုပ်ခေါ်စာကိုသေချာမဖတ်တာ ။ သယ်စရာရှိတာတွေကို ၇၅ ကီလို ကာဂိုပေးမယ်ဆိုတာကို ချက်ကင်အိတ်မှတ်ပြီးသယ်တာ ။ အဲဒီတုန်းက ကာတာလေ‌ကြောင်း ရန်ကုန်ကိုတိုက်ရိုက်မရှိဘူး ။ မြန်မာပြည်တုန်းက သူငယ်ချင်းတစ်ယောက်က ကူသယ်ပေးတာနဲ့ ဘန်ကောက်ထိ ကီလို ၆၀ သယ်သွား ။  ဘန်ကောက်ရောက်တော့မှတွေ့ကြတာဘဲ ။ စာထဲမှာရေးထားတာ ကာဂိုပါတဲ့ ။ ဘန်ကောက်ကာဂိုကိုသွားရမယ်တဲ့ ။ ဘန်ကောက်လေဆိပ်တောင် နှံ့အောင်မရောက်ဘူးတဲ့ကိုယ် ကာဂိုဘယ်နားမှာလဲဆိုတော့ ဒီကနေ နာရီဝက်မောင်းရမယ်တဲ့ ။ ဟမ် သေပြီ ။ လေယာဥ်ကနောက် ၂ နာရီဆိုထွက်မယ် ။ ရိုးရိုးတန်းက ၁ နာရီဆိုကောင်တာပိတ်ပြီ ။ လူကို ထူပူပြီးဘာမှမမြင်တော့ဘူး ။ ကာတာလေကြောင်းက မန်နေဂျာကိုခေါ်  အလုပ်ခေါ်စာပြ ။ သူတို့ဘာမှမလုပ်ပေးနိုင်ကြောင်း လူ့စွမ်းအားအရင်းအမြစ်ဌာနက တာဝန်ရှိသူကိုသာခေါ်ဘို့တွင်တွင်ပြောတော့တယ် ။ မတတ်နိုင်ဘူး ပါလာတဲ့ လိုက်ပို့တဲ့ သူငယ်ချင်းကို အထပ်ထပ်တောင်းပန်ရင်း နိုင်ငံခြားကောလ်ခေါ်ရတယ် ။ အဲဒီခေါ်တဲ့အချိန်မှာ ကာတာမှာ ညသန်းခေါင်နီးပါးရှိပြီ ။ တာဝန်ရှိသူက ချက်ချင်းဖုန်းကိုင်တယ် ။ ဘာဖြစ်လဲမေးတယ် ။ ကိုယ် အလုပ်ခေါ်...

အမှတ်ရစရာ အပိုင်း(၂)

ကိုယ်က ကာတာကို ၂၀၀၆ လောက်မှာသင်တန်း ၁ ရက်သွားတက်ရတယ် ။ နောက် သူငယ်ချင်းတင်အေးဝင်း Cynthia ဆီကိုလဲ အလည်သွားဘူးတော့ အရမ်းကြီးစိမ်းမနေခဲ့ဘူး ။ နောက်ပိုင်းမှ စင်သီယာဆီအလည်သွားရင်းမြန်မာပြည်အပြန်မှာ သူငယ်ချင်းတစ်ယောက်ကောက်ရတာကိုရေးအုန်းမယ် ။ ကိုယ့်ဘဝရဲ့ အခန်းတချို့မှာသူပါဝင်ခဲ့တယ် ။ လေယာဥ်ပေါ်ကဆင်းပြီးချိန်မှာ ဒုတိယမိ စာသေချာမဖတ်ခြင်းရဲ့အကျိုးကိုခံရပါတော့တယ် ။ လာကြိုသူက လာကြိုတဲ့ကားရပ်နေရာမှာ ။ ကိုယ်ကစာမဖတ်ထားတော့ တမော့မော့နဲ့ ဆိုက်ရောက်ဟောလ်မှာစောင့်နေတာ ။ ဖုန်းဆက်စရာကလဲမရှိ ဘယ်လိုဆက်ရမလဲမသိ အရမ်းကိုငိုချင်နေချိန် ။ နောက်ဆုံးမတော့ (ကိုယ်တို့နောက်ပြောင်ခေါ်နေတဲ့ ကုလားလေးတွေ ၊ ဒီနိုင်ငံမှာက အိန္ဒိယကုလား ၊ ပါကစ္စတန်ကုလား ၊ ဘာကုလား ညာကလား သိပ်ပေါ ) အနီးက ကုလားတစ်ယောက်ကိုသွားပြုံးပြပြီး ရုံးကိုဖုန်းဆက်ရပါတော့တယ် ၊ အင်မတန်အထင်ကြီးစရာပါ ။ တာဝန်ရှိသူရုံးဝန်ထမ်းက တစ်ခွန်းမှအပြစ်မဆိုဘဲ ဆလွန်းကားတစ်စီးချက်ခြင်းလွှတ်ပေးပါတယ် ။ ရောက်တဲ့နေရာမှာနေ ဘယ်မှမသွားနဲ့ဆိုပြီး ၊ နောက်တော့ ဆလွန်းကား ဒရိုင်ဘာရောက်လာပြီး လာခေါ်ပါတယ် ၊ စကတည်းကယဥ်သကိုဆိုသလို ကိုယ်ကလာကြိုတဲ့ ဘတ်စ်နဲ့ မသွားရဘဲ ဆလွန်းကားနဲ့ သီးသန့်ကြိုခံ...

အပင်လေးများနဲ့ ဝင်ကစွပ်ကောင်

ဒီနိုင်ငံကိုရောက်လာတုန်းက တယောက်တည်း Company ကပေးတဲ့  2 bedrooms apartment မှာနေရတယ် ၊ အခန်းဖော် Indonesian ၂ ယောက်မလာခင်ထိပေါ့ ။ ဒီက တစ်ယောက်ခန်း ၊ ၂ ယောက်ခန်း ၊ ၃ ယောက်ခန်း စသည်ဖြင့် Condominium တွေမှာ apartment (flat) တွေမှာနေကြတာများတယ် ။ ချမ်းသာသူတွေနဲ့ ငွေကြေးတတ်နိုင်သူတွေက Villa ဆိုတဲ့ လုံးချင်းအိမ်တွေနဲ့နေတယ် ။ အဲဒီ Villa  တွေကိုဘဲ အခန်းတွေကန့်ပြီး အိမ်ငှားကြသေးတယ် ။ ငှားခတော့အတူတူလောက်ပါဘဲ ။  ရောက်စတုန်းကတော့ ရန်ကုန်က အမတွေလို ခင်ရတဲ့သူတွေက အလုပ်တူတူဘဲဆိုတော့ သိပ်အထီးကျန်ဝေဒနာကိုမခံစားရဘူး ။ ခံစားနေချိန်လဲမရှိဘူး လေ ။ ယဥ်ကျေးမှုကွာဟချက်တွေရယ် ၊  working system တွေနဲ့ အထာကျနေတဲ့ လုပ်ငန်းခွင်ကို မျက်စိသူငယ် နားသူငယ်နဲ့ အမှီလိုက်နေရတာ ။ ဒါပေမယ့်ချစ်ခင်ရသူများတစ်ယောက်ပြီးတစ်ယောက်မြန်မာပြည်ကိုပြန်သွားချိန်မှာ ကိုယ်တစ်ယောက်တည်းအဖော်မဲ့လာတယ် ။ ဒါနဲ့ဘဲ ကိုယ့်ရဲ့စိတ်တွေ အပင်လေးတွေဘက်လှည့်သွားတော့တယ် ။  ကိုယ့်ရဲ့ပထမဆုံးအပင်လေးက ရှားစောင်းအပင်ပုလေး ။ အပင်လေးက ကြာကြာမနေရဘူး သေသွားတယ် ၊ ရေအလောင်းလွန်ပြီးတော့ ။ အဲဒီနောက်ပိုင်းသစ်ခွပင်လေးတွေ တပင်ပြီးတပင်ဝယ်တယ် ။ သေတယ်...

၂၀၁၇ စက္တင္ဘာ ၁၅ ၁၆ မွတ္စုတို

စက်တင်ဘာ ၁၅ အကျဉ်းအကြပ်တွေကြားထဲက ကြံ့ကြံ့ခံနိုင်ဘို့ဆိုတာ အင်မတန်ခက်ပြီး အတွေးအခေါ်တွေကိုပြောင်းပြန်ဖြစ်သွားစေနိုင် ယုံကြည်ချက်တွေအခြားတဖက်ကိုပြောင်းသွားစေနိုင်တယ် ။ ကိုယ့်ကိုယ်ကိုယ်အားပေးရင်း အသက်ရှူမရပ်သွားအောင်လုပ်ရင်း ယုံကြည်ခဲ့တဲ့ သိမ်မွေ့နက်နဲတဲ့ ဘာသာတရားကို သံသယမဖြစ်အောင်ကြိုးစားနေရင်း ယုံကြည်ချက်တွေပါးလျလာတဲ့အဖြစ် ။ စက်တင်ဘာ ၁၆ ဒီနိုင်ငံက မသွားခင် နောက်ဆုံးနေရတဲ့  ရက်ကလေးတွေမှာ ပစ္စည်းတွေသိမ်းရင်းနဲ့  အိမ်ကလေး (သို့ ) ကိုယ့်ရဲ့  နားခိုရာလေးကို အကြာကြီး ကြည့်နေမိတယ် ။ ၃ နှစ်တိတိနေခဲ့တဲ့ ဒီနေရာလေးဟာ ကိုယ်အမြဲသတိရနေမယ့်နေရာလေး ။ ဒီအိမ်လေးနဲ့ ကိုယ်ကရေစက် ။ အလုပ်ကပေးတဲ့ အိမ်မှာမနေချင်လို့အပြင်ထွက်နေမယ်လုပ်တော့ အိမ်တွေလိုက်ကြည့် တယ် တအိမ်တက်ဆင်း ။ ကိုယ်အမြဲစီးတဲ့  ပရိုက်ဗိတ် တက်ကစီဒရိုင်ဘာလေးဆို စိတ်ပျက်ယူရအောင် ကိုယ်က ကြေးထူတယ် ဟိုနေရာလဲမဟုတ်ဒီနေရာဆိုလဲမဟုတ် ။ မနက်ဖြန် အလုပ်က ပေးထားတဲ့ နေရာကထွက်ရတော့မယ် ဒီနေ့ထိကြေးများတုန်း ။ ည ၁၁ နာရီလောက် သူငယ်ချင်းတစ်ယောက်က အခုနေတဲ့ ကွန်ဒိုမှာ အခန်းတစ်ခန်းရှိတယ် ဒေါင့်ခန်း ကြိုက်ရင်လိုက်ပြပေးမယ်ဆိုတာနဲ့ ည ၁၁ နာရီသွားကြည့်  တွေ့ တွေချင်း ချစ်သ...

စက်တင်ဘာ ၉ ၂၀၁၇ မှတ်စုများ

စက်တင်ဘာ ၉ ၂၀၁၇ ရေခဲသေတ္တာထဲမှာ အပြင်မှာ ကစ်ချန်းဘီဒိုမှာ စားစရာလုံးဝမရှိတော့လို့ ပျင်းပျင်းနဲ့ စူပါမားကတ်ကိုသွားတယ် ။ ဆွဲခြင်းအသေးလေးကို လက်တွန်းလှည်း အသေးလေးထဲထည့် ။ ဝယ်တာဝယ်တာ နောက်တခြင်းသွားယူ ထည့်။ အပေါ်ခြင်းအောက်ခြင်းအပြည့်။ စာရင်းရှင်းလိုက်တော့ အိမ်ရောက်ရင် ချက်ခြင်းစားစရာမရှိ။ ဘာတွေကောက်ထည့်လာလဲဆိုတာလဲမသိတော့။ 😛😛😛😛 ဒါနဲ့ ဘုံဘေချော်ပရာမှာ မဆလာတိုရှည်ဝယ် (ကုလားစာကလဲကြိုက်သေး) ။ မီနူးကိုကြည့်တော့ ထမင်းကြော်တွေ့။ (ကြက်၊ အမဲ၊အသီးရွက်) ။ စိတ်က ထမင်းကြော်မစားချင်။ ရောင်းနေတဲ့ ကုလားလေးကို ထမင်းအဖြူရောင်းပေးပါ ။ ထမင်းကြော်ဖိုးပေးပါ့မယ်ဆိုတော့ ၊ no mam, no steam rice, only fried rice have တဲ့ ။ ထမင်းကြော်က ထမင်းအဖြူနဲ့မကြော်ဘဲ ဘာနဲ့ကြော်လဲမသိ ။စိတ်ကသိပ်မကြည်ပေမယ့် စကားမများချင် (များလဲသူနားလည်မယ်မထင်) တာနဲ့ တိုရှည်ဘဲပါဆယ်ထုတ်လာရတယ် ။ မောတယ် ။ 😫😫😫 မပျော်တော့သူတစ်ယောက်ရဲ့ မှတ်စု (၂) တချိန်ချိန်လွန်မြောက်ခဲ့ရင် (သို့) မကျော်နိုင်ခဲ့ရင် သို့လောသို့လောမဖြစ်စေဘို့ပါ။ ဟိုရောက်ဒီရောက် စာစုပေါ့။ လွန်ခဲ့တဲ့ ၃ လလောက် အတိအကျပြောရရင် မေ ၁ ရက်နေ့ကစလို့ ဘဝမှာ အချိုးအကွေ့အကြီးကြီးဖြစ်ခဲ့တယ်။ ကေ...

ကာတာနိုင်ငံ ဒိုဟာမြို့ ပထမဆုံးအတွေ့ အကြုံ

ရုံးစတက်ရတဲ့ ပထမနေ့  ။ ဒီရုံးကို ကိုယ်သင်တန်းလာတက်တုန်းကတစ်ခေါက်ရောက်ဘူးတယ် ။ ပညာရှင်တွေစုနေပြီး ကိုယ့် ကိုယ်ကိုယ် သိပ်အထင်ကြီး စိတ်ကြီးဝင်နေတဲ့  ဌာနလဲဖြစ်တယ် ။ လုပ်ငန်းတစ်ခုလုံးရဲ့ အရေးပါတဲ့ သွေးကြောမကြီးလဲဖြစ်တယ် ။ ရောက်ရောက်ခြင်း ကိုယ်ထိုင်ရမယ့် နေရာကိုပြတယ် ။ ခရီးဦးကြိုတာ ဘာညာမရှိဘူး ။ မေးရတယ် ကိုယ်အခုအလုပ်လုပ်ဘို့ လာတာ ။ ဘယ်ရာထူးပေါ့ လေ ။ တညီတညွတ်တည်း လက်ညှိုးညွန်တယ် ၊ ပြန်တောင်မဖြေဘူး ။ တော်တော်ကို ရင်းနှီးမှု ကင်းတယ်လို့ ခံစားရတယ် ။ စိတ်ထဲလဲတော်တော်မကောင်းလှဘူး ။ အဲဒါနဲ့ ပဲ သူတို့ လက်ညှိုးညွှန်ရာ ကိုယ် သတင်းပို့ ရမယ့် သူဆီရောက်လာတယ် ။ ငယ်ငယ်ချောချော ရုရှားမလေး။ (သူလဲလူမုန်းများသူ ။ နောက်ပိုင်းတော့ ကိုယ့် ရဲ့ အကောင်းဆုံးသူငယ်ချင်းဖြစ်လာတယ် ၊ အခါတစ်သောင်းမက အထစ်အငေါ့ တွေဖြစ်အပြီးမှာ ) ပြုံးပြမယ်ထင်လား ။ ကိုယ်က လင်း ပါ ။ ဒီကို ဒီရာထူးနဲ့ ဒီနေ့ မှစ၀င်ပါတယ်ဆိုတော့  ကိုယ်က လာနာ ။ ဒါမင်းထိုင်ရမယ့် ခုံ ။ ဒါဘဲ ။ ပြီးတော့ သူ့ အလုပ်သူဆက်လုပ်နေတာ။ မအံ့ သြဘူးလား ၊ မြန်မာပြည်မှာဆို လာနှုတ်ဆက်မယ် အားပေးမယ် တယောက်တခွန်း မေးမယ် ဟုတ်တယ်ဟုတ် ၊ နိုး ပါ ၊ ဘယ်သူ့ ဘယ်သူမှ မကြည့် ကြ ၊ ကိုယ့် အလုပ်ကိုယ်...