Posts

Couldn't move on

 “The most painful goodbyes are the ones that are never said, and never explained. It’s the sudden silence, the unspoken words, the unanswered questions that haunt you at night. You lie awake, your mind replaying every moment, every word, every touch, searching for the reason why. But there is no answer, just an emptiness that stretches into eternity. It’s the pain of not knowing, of not understanding, of being left in the dark with only your own thoughts to keep you company. And in that darkness, you slowly come to realize that you may never know why, and that is perhaps the hardest truth of all.” – Anonymous

ရောက်တတ်ရာရာ ၂၀၂၀

Image

ကာတာအဲဝေးသို့ တမ်းတခြင်းနှင့် COVID-19 consequences

ကိုယ့်ရဲ့အရင်အလုပ်မှာဝန်ထမ်းတွေအတွက်လိုအပ်တဲ့သင်တန်းတွေကို ပုံမှန်ပေးလေ့ရှိတယ် ၊ အဲဒီထဲက Influencing with Impact ( IWI ) ဆို့သင်တန်းကိုတက်ခဲ့ရတယ် ။ စစတက်တဲ့နေ့မှာ သ်တန်းဆရာက ပုံတပုံပေးတယ် သစ်ပင်ကြီးပေါ်မှာ လူတွေထိုင်နေတာ ။ ကိုယ်အခုဘယ်ရောက်နေပြီလဲဆိုတာကို မှင်နီလေးနဲ့မှတ်ခိုင်းတယ် ၊ ဘယ်လူပုံမှာလဲပေါ့ ။ အချို့ကအောက်မှာ အချို့က။ အချို့ကအပေါ်မှာ ။ အချို့က သစ်ကိုင်းအစွန် ။ အချို့က သစ်ကိုင်းရင်း ။ အစရှိသဖြင့်ပေါ့လေ ။ ပြီးသွားတော့အဲဒီစာရွက်ကိုမှောက်ထားပြီးနောက်တခုပြောတယ်။ ကျွန်းတကျွန်းမှာ သဘေ ႅ ာပျက်ပြီးသောင်တင်နေတဲ့လူတွေရှိတယ်ပေါ့လေ ။ အသက်အရွယ်မျိုးစုံ ။ ကျန်းမာရေးမျိုးစုံ ။ အလုပ်မျိုးစုံ ။ သူရွေးခိုင်းတာက တကယ်လို့လာကယ်တိဲ့လှေကအကုန်မကယ်သွားနိုင်ဘဲ ၁၀ ယောက်ဘဲသယ်နိုင်မယ်ဆိုရင် ကိုယ်တို့ ဘယ်သူကိုတက်ခိင်းမလဲဆိုပြီးရွေးခိုင်းတာ ။ ရွေးကြတာပေါ့လေ ။ ကိုယ့်ဥာဏ်မှီသလောက် ။ ပြီးလဲပြီးရောဆရာကတစ်ယောက်စီကိုမေးတာ ။ ထုံးစံအတိုင်းတစ်ယောက်နဲ့တစ်ယောက်မတူဘူးလေ  ။ အားလုံးလဲပြီးသွားရော ဆရာက ကဲ အားလုံးပေါင်းပြီးရွေးရမယ်ဆို ဘယ် ၁၀ ယောက်ကိုရွေးမလဲဆိုတော့ ငြင်းကြပြီပေါ့ ။ ကိုယ်ရွေးတာအမှန်လို့ထင်ကြတာကိုး ။ ...

"Consequences of COVID-19"

မုန်လာဥနီကိုဝယ် အချောင်းလေးဖြစ်အောင်လှီး ပြီးတော့ သံပုရာရည်ညှစ် Fridge ဖွင့် Wolf ကထုတ်တဲ့ Chimmichurri Paste and Dip နဲ့တို့စား ခဏနေ Fridge ဖွင့် Strawberry သီးတွေထုတ် လေးစိတ်လှီး မေခပေးထားတဲ့ အော်ဇီပျားရည်နဲ့တို့စား ခဏနေ Fridge ဖွင့် ပြုတ်ထားတဲ့ ကိုက်လန်ထည့်ထားတဲ့ဗူးကိုထုတ် Wolf ကထုတ်တဲ့ မာလာငြုတ်ဆီနဲ့တို့စား ခဏနေ ခေါက်ဆွဲထုတ် ဆွဲထုတ် ခေါက်ဆွဲထုတ်ပြုတ်စား ဒါတောင်ကြားထဲ ဟိုအရည် ဒီအရည် (အအေးနဲ့အပူ) သောက်တာမပါသေး ရေ ၄ လီတာနီးပါးတနေကုန်သောက် ဘာမှစားစရာမရှိရင်‌ရေလှိမ့်သောက် ကိုဗစ်လဲ ဝူဟန်ပြန်သွားရော ဂျူလီယန်လဲ ခြသေ ႅ ့ခေါင်းနဲ့  ဝက်ကိုယ်ဖြစ်ရော တော်တော်မွှေတဲ့ကိုဗစ် ။

Turkish Coffee - My parrot and Me - 02 April 2020

Turkish coffee  ၃ ခွက်သောက်ထားမိတဲ့အကျိုး။ ခုထိအိပ်မရ။ အဆဲတောင်းစာတွေထိုင်ရေး။ ဟိုဖတ် ဒီဖတ် ။ စာတော့မလုပ်ချင်။ မနက်ကျရင် မနိုးဘဲ နေမြင့်အောင်အိပ်။ ကရိုနာရေ ပုံမှန်  routine  ကို ​ဖျက်ဆီးပစ်လိုက်တာ။   မနက်ကျရင် အောင်မဲညိုပန်းလေးတွေခူးပြီးအခြောက်လှန်းမယ်။ ချစ်စရာလေးတွေ ။ အပင်ကနွယ်တက်တာမြန် ပန်းတွေစပွင့်လာတာ။ ကိုယ့်ကြက်တူရွေးကြီးနဲ့ရန်ဖြစ်ရသေး ။ ကိုယ်ကမေ့နေတာ ။ ဖြစ်သမျှကိုနတ်သံနှောပြီးသံတော်ဦးတင်ဘို့။ မေ့တာမှ မနှစ်ကအဖြစ်အပျက်ကို ဒီနေ့မှ စကားစပ်မိပြီး သူ့မပ ြောရကောင်းလားဆိုပြီးနှာကစ်သွားလေရဲ့။ ကရိုနာရေ လူတွေကို စကားများလာစေတယိနော် ။ ပုံမှနိဆို ကိုယ့်ဘာသာကိုယ်မအားရတော့ နှာကစ်ဘို့အချိန်မရ။   တော်တော်မွှေတဲ့ကရိုနာ ။

25 March 2020- Remembrance of COVID-19

ဒီနေ့ စျေးဝယ်ရင်း ခေါက်ဆွဲခြောက်ထုပ်ကုန်သွားလို့ဝယ်ရတယ်။ ကိုယ်က သတ်သတ်လွတ်လဲဖြစ် ဇီဇာကလဲကြောင် ကိုယ်စားတဲ့တံဆိပ်ဖြစ်တဲ့  Myojo  သတ်သတ်လွတ် ခေါက်ဆွဲထုပ်ကလည်း ရတဲ့ချိန်မှရတော့ ပုံမှန်ဝယ်လဲ ကိုယ်က ၂ ဒါဇင်ဝယ်နေကျ ။ အခုလဲ အိမ်မှာကုန်နေတော့ ၂ ဒါဇင်ဝယ်တယ်။ အဲဒါကို ဘွားတော်တပါးက တမင်သက်သက် ကိုယ့်ခြင်းထဲကြည့်လိုက် ကိုယ်ကိုကြည့်လိုက် ၃ ခါလုပ်တယ်။ သဘောကတော့  panic buying  လုပ်တယ်ပေါ့လေ။ ကိုယ် ပြန်ကြည့်ပေးလိုက်တော့မှ ခေါင်းတခါခါနဲ့ထွက်သွားတယ်။ သူမသိတာက ကိုယ်စားတဲ့ သတ်သတ်လွတ်ခေါက်ဆွဲခြောက်ထုပ်က ရှာရခက်တယ်ဆိုတာရယ် ကိုယ်က ပုံမှန်  mass shopping  လုပ်တယ်ဆိုတာရယ် ဟွန်း  COVID-19  တော်တော်မွှေတာဘဲ။

စကားသံများ

သူ (၁) ကျွန်တော်ရှေ့မှာရှိနေပါလျက်နဲ့အဲဒီလူကြီးကိုသတိရနေတာ ကျွန်တော်အရမ်းခံစားရတယ် သူ (၂) How can I tell her about you သီချင်းမတိုးမကျယ်ကြားကသူပြောသည် အောက်မှာကားရပ်ထားတယ် မင်းပြန်ချင်ရင် ပြန်ပို့ပေးဘို့ပြောထားတယ် မင်းကသိပ်ရဲရင့်သူ ဘဝကိုတစ်ယောက်တည်းရင်ဆိုင်နိုင်သူ ကိုယ်ယုံတယ် ကိုယ်နောက်ထပ်တယောက်ကိုတွေ့နေပြီ သူက ကိုယ့်ကိုသိပ်အားကိုးတယ် သူကကိုယ့်ကိုပိုလိုအပ်တယ် သူ(၃) ကိုယ်မင်းကိုကြိုက်တယ် မင်းအပြုံးကိုကြိုက်တယ် မင်းရဲ့ ရဲရင့်မှုကိုကြိုက်တယ် မင်း့အတူရှိနေရတာကိုလဲကြိုက်တယ် ဒါပေမယ့်ကိုယ့်ကိုလွှမ်းမိုးမှာကိုတော့မကြိုက်ဘူး ဘယ်တော့မှမကြိုးစားလေနဲ့ ကြိုက်တာနဲ့မာနနဲ့တခြားစီ ဒါနဲ့မင်းမှာသုံးစရာရှိရဲ့လား ကိုယ်ပို့ပေးမယ်လေ အဝေးရောက်အချစ်ကိုလွမ်းနေတယ် မင်းကောကိုယ့်ကိုလွမ်းရဲ့လား သူ (၄) မင်းကိုအမြဲသတိရနေမှာ မင်းကထူးခြားတယ် ဘယ်နိုင်ငံကလဲ အိုး ကိုယ်မင်းနိုင်ငံကိုမသိဘူး ဒါပေမယ့်မင်းကစိတ်ဝင်စားဘို့ကောင်းတယ် ရော့ ဒါကိုယ်တိုင်ချက်တဲ့ ပါစတာ ကိုယ့်မားသားကြီးကိုယ်တိုင်လုပ်ပြီးပို့ပေးတာ  ဘဝမှာမိန်းကလေးတစ်ယောက်ကိုချက်ကြွေးဘူးတာ ပထမဆုံးဘဲ  အီတလီကိုလိုက်ခဲ့ပါ ဖားသားကြီးကမင်းကိုသဘောတွေကျနေတယ် သူ (၅) မင်းက...

အမှတ်ရစရာ အပိုင်း (၁)

ကိုယ် ၂၀၀၈ မှာ ကာတာနိုင်ငံကို အလုပ်လုပ်ဖို့ထွက်ခဲ့တယ် ။ ပထမဆုံးအမှတ်ရစရာက အလုပ်ခေါ်စာကိုသေချာမဖတ်တာ ။ သယ်စရာရှိတာတွေကို ၇၅ ကီလို ကာဂိုပေးမယ်ဆိုတာကို ချက်ကင်အိတ်မှတ်ပြီးသယ်တာ ။ အဲဒီတုန်းက ကာတာလေ‌ကြောင်း ရန်ကုန်ကိုတိုက်ရိုက်မရှိဘူး ။ မြန်မာပြည်တုန်းက သူငယ်ချင်းတစ်ယောက်က ကူသယ်ပေးတာနဲ့ ဘန်ကောက်ထိ ကီလို ၆၀ သယ်သွား ။  ဘန်ကောက်ရောက်တော့မှတွေ့ကြတာဘဲ ။ စာထဲမှာရေးထားတာ ကာဂိုပါတဲ့ ။ ဘန်ကောက်ကာဂိုကိုသွားရမယ်တဲ့ ။ ဘန်ကောက်လေဆိပ်တောင် နှံ့အောင်မရောက်ဘူးတဲ့ကိုယ် ကာဂိုဘယ်နားမှာလဲဆိုတော့ ဒီကနေ နာရီဝက်မောင်းရမယ်တဲ့ ။ ဟမ် သေပြီ ။ လေယာဥ်ကနောက် ၂ နာရီဆိုထွက်မယ် ။ ရိုးရိုးတန်းက ၁ နာရီဆိုကောင်တာပိတ်ပြီ ။ လူကို ထူပူပြီးဘာမှမမြင်တော့ဘူး ။ ကာတာလေကြောင်းက မန်နေဂျာကိုခေါ်  အလုပ်ခေါ်စာပြ ။ သူတို့ဘာမှမလုပ်ပေးနိုင်ကြောင်း လူ့စွမ်းအားအရင်းအမြစ်ဌာနက တာဝန်ရှိသူကိုသာခေါ်ဘို့တွင်တွင်ပြောတော့တယ် ။ မတတ်နိုင်ဘူး ပါလာတဲ့ လိုက်ပို့တဲ့ သူငယ်ချင်းကို အထပ်ထပ်တောင်းပန်ရင်း နိုင်ငံခြားကောလ်ခေါ်ရတယ် ။ အဲဒီခေါ်တဲ့အချိန်မှာ ကာတာမှာ ညသန်းခေါင်နီးပါးရှိပြီ ။ တာဝန်ရှိသူက ချက်ချင်းဖုန်းကိုင်တယ် ။ ဘာဖြစ်လဲမေးတယ် ။ ကိုယ် အလုပ်ခေါ်...

အမှတ်ရစရာ အပိုင်း(၂)

ကိုယ်က ကာတာကို ၂၀၀၆ လောက်မှာသင်တန်း ၁ ရက်သွားတက်ရတယ် ။ နောက် သူငယ်ချင်းတင်အေးဝင်း Cynthia ဆီကိုလဲ အလည်သွားဘူးတော့ အရမ်းကြီးစိမ်းမနေခဲ့ဘူး ။ နောက်ပိုင်းမှ စင်သီယာဆီအလည်သွားရင်းမြန်မာပြည်အပြန်မှာ သူငယ်ချင်းတစ်ယောက်ကောက်ရတာကိုရေးအုန်းမယ် ။ ကိုယ့်ဘဝရဲ့ အခန်းတချို့မှာသူပါဝင်ခဲ့တယ် ။ လေယာဥ်ပေါ်ကဆင်းပြီးချိန်မှာ ဒုတိယမိ စာသေချာမဖတ်ခြင်းရဲ့အကျိုးကိုခံရပါတော့တယ် ။ လာကြိုသူက လာကြိုတဲ့ကားရပ်နေရာမှာ ။ ကိုယ်ကစာမဖတ်ထားတော့ တမော့မော့နဲ့ ဆိုက်ရောက်ဟောလ်မှာစောင့်နေတာ ။ ဖုန်းဆက်စရာကလဲမရှိ ဘယ်လိုဆက်ရမလဲမသိ အရမ်းကိုငိုချင်နေချိန် ။ နောက်ဆုံးမတော့ (ကိုယ်တို့နောက်ပြောင်ခေါ်နေတဲ့ ကုလားလေးတွေ ၊ ဒီနိုင်ငံမှာက အိန္ဒိယကုလား ၊ ပါကစ္စတန်ကုလား ၊ ဘာကုလား ညာကလား သိပ်ပေါ ) အနီးက ကုလားတစ်ယောက်ကိုသွားပြုံးပြပြီး ရုံးကိုဖုန်းဆက်ရပါတော့တယ် ၊ အင်မတန်အထင်ကြီးစရာပါ ။ တာဝန်ရှိသူရုံးဝန်ထမ်းက တစ်ခွန်းမှအပြစ်မဆိုဘဲ ဆလွန်းကားတစ်စီးချက်ခြင်းလွှတ်ပေးပါတယ် ။ ရောက်တဲ့နေရာမှာနေ ဘယ်မှမသွားနဲ့ဆိုပြီး ၊ နောက်တော့ ဆလွန်းကား ဒရိုင်ဘာရောက်လာပြီး လာခေါ်ပါတယ် ၊ စကတည်းကယဥ်သကိုဆိုသလို ကိုယ်ကလာကြိုတဲ့ ဘတ်စ်နဲ့ မသွားရဘဲ ဆလွန်းကားနဲ့ သီးသန့်ကြိုခံ...

အပင်လေးများနဲ့ ဝင်ကစွပ်ကောင်

ဒီနိုင်ငံကိုရောက်လာတုန်းက တယောက်တည်း Company ကပေးတဲ့  2 bedrooms apartment မှာနေရတယ် ၊ အခန်းဖော် Indonesian ၂ ယောက်မလာခင်ထိပေါ့ ။ ဒီက တစ်ယောက်ခန်း ၊ ၂ ယောက်ခန်း ၊ ၃ ယောက်ခန်း စသည်ဖြင့် Condominium တွေမှာ apartment (flat) တွေမှာနေကြတာများတယ် ။ ချမ်းသာသူတွေနဲ့ ငွေကြေးတတ်နိုင်သူတွေက Villa ဆိုတဲ့ လုံးချင်းအိမ်တွေနဲ့နေတယ် ။ အဲဒီ Villa  တွေကိုဘဲ အခန်းတွေကန့်ပြီး အိမ်ငှားကြသေးတယ် ။ ငှားခတော့အတူတူလောက်ပါဘဲ ။  ရောက်စတုန်းကတော့ ရန်ကုန်က အမတွေလို ခင်ရတဲ့သူတွေက အလုပ်တူတူဘဲဆိုတော့ သိပ်အထီးကျန်ဝေဒနာကိုမခံစားရဘူး ။ ခံစားနေချိန်လဲမရှိဘူး လေ ။ ယဥ်ကျေးမှုကွာဟချက်တွေရယ် ၊  working system တွေနဲ့ အထာကျနေတဲ့ လုပ်ငန်းခွင်ကို မျက်စိသူငယ် နားသူငယ်နဲ့ အမှီလိုက်နေရတာ ။ ဒါပေမယ့်ချစ်ခင်ရသူများတစ်ယောက်ပြီးတစ်ယောက်မြန်မာပြည်ကိုပြန်သွားချိန်မှာ ကိုယ်တစ်ယောက်တည်းအဖော်မဲ့လာတယ် ။ ဒါနဲ့ဘဲ ကိုယ့်ရဲ့စိတ်တွေ အပင်လေးတွေဘက်လှည့်သွားတော့တယ် ။  ကိုယ့်ရဲ့ပထမဆုံးအပင်လေးက ရှားစောင်းအပင်ပုလေး ။ အပင်လေးက ကြာကြာမနေရဘူး သေသွားတယ် ၊ ရေအလောင်းလွန်ပြီးတော့ ။ အဲဒီနောက်ပိုင်းသစ်ခွပင်လေးတွေ တပင်ပြီးတပင်ဝယ်တယ် ။ သေတယ်...

၂၀၁၇ စက္တင္ဘာ ၁၅ ၁၆ မွတ္စုတို

စက်တင်ဘာ ၁၅ အကျဉ်းအကြပ်တွေကြားထဲက ကြံ့ကြံ့ခံနိုင်ဘို့ဆိုတာ အင်မတန်ခက်ပြီး အတွေးအခေါ်တွေကိုပြောင်းပြန်ဖြစ်သွားစေနိုင် ယုံကြည်ချက်တွေအခြားတဖက်ကိုပြောင်းသွားစေနိုင်တယ် ။ ကိုယ့်ကိုယ်ကိုယ်အားပေးရင်း အသက်ရှူမရပ်သွားအောင်လုပ်ရင်း ယုံကြည်ခဲ့တဲ့ သိမ်မွေ့နက်နဲတဲ့ ဘာသာတရားကို သံသယမဖြစ်အောင်ကြိုးစားနေရင်း ယုံကြည်ချက်တွေပါးလျလာတဲ့အဖြစ် ။ စက်တင်ဘာ ၁၆ ဒီနိုင်ငံက မသွားခင် နောက်ဆုံးနေရတဲ့  ရက်ကလေးတွေမှာ ပစ္စည်းတွေသိမ်းရင်းနဲ့  အိမ်ကလေး (သို့ ) ကိုယ့်ရဲ့  နားခိုရာလေးကို အကြာကြီး ကြည့်နေမိတယ် ။ ၃ နှစ်တိတိနေခဲ့တဲ့ ဒီနေရာလေးဟာ ကိုယ်အမြဲသတိရနေမယ့်နေရာလေး ။ ဒီအိမ်လေးနဲ့ ကိုယ်ကရေစက် ။ အလုပ်ကပေးတဲ့ အိမ်မှာမနေချင်လို့အပြင်ထွက်နေမယ်လုပ်တော့ အိမ်တွေလိုက်ကြည့် တယ် တအိမ်တက်ဆင်း ။ ကိုယ်အမြဲစီးတဲ့  ပရိုက်ဗိတ် တက်ကစီဒရိုင်ဘာလေးဆို စိတ်ပျက်ယူရအောင် ကိုယ်က ကြေးထူတယ် ဟိုနေရာလဲမဟုတ်ဒီနေရာဆိုလဲမဟုတ် ။ မနက်ဖြန် အလုပ်က ပေးထားတဲ့ နေရာကထွက်ရတော့မယ် ဒီနေ့ထိကြေးများတုန်း ။ ည ၁၁ နာရီလောက် သူငယ်ချင်းတစ်ယောက်က အခုနေတဲ့ ကွန်ဒိုမှာ အခန်းတစ်ခန်းရှိတယ် ဒေါင့်ခန်း ကြိုက်ရင်လိုက်ပြပေးမယ်ဆိုတာနဲ့ ည ၁၁ နာရီသွားကြည့်  တွေ့ တွေချင်း ချစ်သ...

စက်တင်ဘာ ၉ ၂၀၁၇ မှတ်စုများ

စက်တင်ဘာ ၉ ၂၀၁၇ ရေခဲသေတ္တာထဲမှာ အပြင်မှာ ကစ်ချန်းဘီဒိုမှာ စားစရာလုံးဝမရှိတော့လို့ ပျင်းပျင်းနဲ့ စူပါမားကတ်ကိုသွားတယ် ။ ဆွဲခြင်းအသေးလေးကို လက်တွန်းလှည်း အသေးလေးထဲထည့် ။ ဝယ်တာဝယ်တာ နောက်တခြင်းသွားယူ ထည့်။ အပေါ်ခြင်းအောက်ခြင်းအပြည့်။ စာရင်းရှင်းလိုက်တော့ အိမ်ရောက်ရင် ချက်ခြင်းစားစရာမရှိ။ ဘာတွေကောက်ထည့်လာလဲဆိုတာလဲမသိတော့။ 😛😛😛😛 ဒါနဲ့ ဘုံဘေချော်ပရာမှာ မဆလာတိုရှည်ဝယ် (ကုလားစာကလဲကြိုက်သေး) ။ မီနူးကိုကြည့်တော့ ထမင်းကြော်တွေ့။ (ကြက်၊ အမဲ၊အသီးရွက်) ။ စိတ်က ထမင်းကြော်မစားချင်။ ရောင်းနေတဲ့ ကုလားလေးကို ထမင်းအဖြူရောင်းပေးပါ ။ ထမင်းကြော်ဖိုးပေးပါ့မယ်ဆိုတော့ ၊ no mam, no steam rice, only fried rice have တဲ့ ။ ထမင်းကြော်က ထမင်းအဖြူနဲ့မကြော်ဘဲ ဘာနဲ့ကြော်လဲမသိ ။စိတ်ကသိပ်မကြည်ပေမယ့် စကားမများချင် (များလဲသူနားလည်မယ်မထင်) တာနဲ့ တိုရှည်ဘဲပါဆယ်ထုတ်လာရတယ် ။ မောတယ် ။ 😫😫😫 မပျော်တော့သူတစ်ယောက်ရဲ့ မှတ်စု (၂) တချိန်ချိန်လွန်မြောက်ခဲ့ရင် (သို့) မကျော်နိုင်ခဲ့ရင် သို့လောသို့လောမဖြစ်စေဘို့ပါ။ ဟိုရောက်ဒီရောက် စာစုပေါ့။ လွန်ခဲ့တဲ့ ၃ လလောက် အတိအကျပြောရရင် မေ ၁ ရက်နေ့ကစလို့ ဘဝမှာ အချိုးအကွေ့အကြီးကြီးဖြစ်ခဲ့တယ်။ ကေ...

ကာတာနိုင်ငံ ဒိုဟာမြို့ ပထမဆုံးအတွေ့ အကြုံ

ရုံးစတက်ရတဲ့ ပထမနေ့  ။ ဒီရုံးကို ကိုယ်သင်တန်းလာတက်တုန်းကတစ်ခေါက်ရောက်ဘူးတယ် ။ ပညာရှင်တွေစုနေပြီး ကိုယ့် ကိုယ်ကိုယ် သိပ်အထင်ကြီး စိတ်ကြီးဝင်နေတဲ့  ဌာနလဲဖြစ်တယ် ။ လုပ်ငန်းတစ်ခုလုံးရဲ့ အရေးပါတဲ့ သွေးကြောမကြီးလဲဖြစ်တယ် ။ ရောက်ရောက်ခြင်း ကိုယ်ထိုင်ရမယ့် နေရာကိုပြတယ် ။ ခရီးဦးကြိုတာ ဘာညာမရှိဘူး ။ မေးရတယ် ကိုယ်အခုအလုပ်လုပ်ဘို့ လာတာ ။ ဘယ်ရာထူးပေါ့ လေ ။ တညီတညွတ်တည်း လက်ညှိုးညွန်တယ် ၊ ပြန်တောင်မဖြေဘူး ။ တော်တော်ကို ရင်းနှီးမှု ကင်းတယ်လို့ ခံစားရတယ် ။ စိတ်ထဲလဲတော်တော်မကောင်းလှဘူး ။ အဲဒါနဲ့ ပဲ သူတို့ လက်ညှိုးညွှန်ရာ ကိုယ် သတင်းပို့ ရမယ့် သူဆီရောက်လာတယ် ။ ငယ်ငယ်ချောချော ရုရှားမလေး။ (သူလဲလူမုန်းများသူ ။ နောက်ပိုင်းတော့ ကိုယ့် ရဲ့ အကောင်းဆုံးသူငယ်ချင်းဖြစ်လာတယ် ၊ အခါတစ်သောင်းမက အထစ်အငေါ့ တွေဖြစ်အပြီးမှာ ) ပြုံးပြမယ်ထင်လား ။ ကိုယ်က လင်း ပါ ။ ဒီကို ဒီရာထူးနဲ့ ဒီနေ့ မှစ၀င်ပါတယ်ဆိုတော့  ကိုယ်က လာနာ ။ ဒါမင်းထိုင်ရမယ့် ခုံ ။ ဒါဘဲ ။ ပြီးတော့ သူ့ အလုပ်သူဆက်လုပ်နေတာ။ မအံ့ သြဘူးလား ၊ မြန်မာပြည်မှာဆို လာနှုတ်ဆက်မယ် အားပေးမယ် တယောက်တခွန်း မေးမယ် ဟုတ်တယ်ဟုတ် ၊ နိုး ပါ ၊ ဘယ်သူ့ ဘယ်သူမှ မကြည့် ကြ ၊ ကိုယ့် အလုပ်ကိုယ်...

ကလေးတို့ အမေ အပျိုတွေ

ဒီနေ့  လူတွေ့ မေးမြန်းခန်းတခုမှာ မိသားစုအကြောင်းမေးတယ် ။ ကိုယ်က Single ပါ ။ အဖေနဲ့ အမေနဲ့ ရှိတယ် ။ သူတို့ အသက်ကြီးကြပြီ ။ ဘာညာပေါ့  ။ မေးသူကသွယ်ဝိုက်မေးတယ် ၊ ကိုယ့် အသက်ကို ၄၀ ကျော်လို့ သူတို့ မှမသိတာကွယ် ။ ငတုံးကိုယ်က ဘာမေးမှန်းမသိတော့  အူကြောင်ကြောင်နဲ့ ကြည့် နေရော ။ နောက်ဆုံး ကလေး ဘယ်နှစ်ယောက်ရှိလဲတဲ့  ။ အားရပါးရ ရီချင်သွားတယ် ။ ဒီနိုင်ငံမှာနေလာတာဘဲ ၉ နှစ်ရှိပြီ ။ အခုထိ အဲဒီမေးခွန်းမေးရင် အဲဒီအကြောင်းမေးတာလို့ ကို မယူဆသေးဘူး ။ ဒီနိုင်ငံမှာ Single Mother များတယ် ။ ဖိလစ်ပိုင်တွေပေါ့ အဓိက ၊ ကိုယ့် ရူပါကလဲ အမြဲ အဲဒီလူမျိုးနဲ့ တူနေတော့  Single လို့ ဖြေတိုင်းအဲလိုမေးခံထိတာမမှတ်ဘူး ။ အူကြောင်ကြောင်နဲ့  ဟဲ့  Single ပါဆို ကလေးရှိရမလားလို့ ပြန်မေးနေကျ ။ ဒီနေ့ ကတော့ ပြန်မေးလို့ ရတဲ့ အခြေအနေမဟုတ်တော့  ငါတို့ နိုင်ငံမှာ Single Mother ဆိုတာ မရှိဘူး ။ Single ဆိုရင် ကလေးရှိလားလို့ မေးစရာမလိုဘူး ။ အမျိုးသားဆုံးသွားလို့ တစ်ယောက်တည်းဘ၀ကိုရင်ဆိုင်ရသူနဲ့  အိမ်ထောင်က ဆက်ပေါင်းလို့ ကို မရလို့ ကွာရှင်းရသူတွေဘဲ ကလေးရှိတယ် ။ သူတို့ ကလဲ Single Mother မဟုတ်ဘူး ။ ဘ၀ကို တာဝန်ရှိရှိကျော်ဖြတ်နေသူတွေ ။ ငါတို့ နိုင်...

၂၀၀၈ ဒိုဟာ ကာတာ

အတွေ့ အကြုံလေးတစ်ခု ၊ သူငယ်ချင်းတစ်ချို့ ကတော့ သိပြီးသားပါ ။ ၂၀၀၆ ၊ ၂၀၀၇ လောက်ထိ ဒီနိုင်ငံမှာ မိန်းကလေးဝန်ထမ်းသိပ်မရှိသေးဘူး ။ အားလုံးနီးပါ ယောက်ကျားလေးဝန်ထမ်း ။ မိန်းကလေးအသုံးအဆောင်ဆိုလဲ သူတို့ ကြားထဲဝယ်ရတယ် ။ ဈေးဝယ်သူ ဈေးရောင်းသူ ယောက်ကျားလေးတွေများတယ် ။ ၂၀၀၆ သင်တန်းတက်တုန်းကဆို နေတဲ့ ဟိုတယ်နဲ့ သင်တန်းဆောင်က ၅ မိနစ်ဘဲလမ်းလျောက်ရတာ ၊ ကမ်းနားလမ်းလို့ ကြီးကြီးကျယ်ကျယ်မဖြစ်ခင်ကပေါ့ ။ အာလိန်၅ဆင့် လို့ မြန်မာတွေခေါ်တဲ့  အစ်စလမ်ယဉ်ကျေးမှုကျောင်းကြီးက ဆောက်လုပ်ဆဲ ၊ ဆုခ်ဝါကစ်လို့ ခေါ်တဲ့  ရိုးရာဈေးလေးကလဲ ရိုးရာရနံ့ လေးတွေနဲ့  ၊ အခုလို ထည်ထည်ဝါ၀ါနဲ့ လူပေါင်းစုံ မလာဘူး ။ ရှိရှားရှူ ၊ ကော်ဖီသောက် အဲလောက်ဘဲ ။ ပြောချင်တာက အဲဒီနှစ်ပိုင်းလောက်တွေမှာ မိန်းကလေးတွေက သိပ်နေရာရတယ် ။ မိန်းကလေးတွေက လုံးဝနီးပါး လမ်းမလျောက်ကြဘူး။ ကိုယ်သင်တန်းသွားတိုင်း တက်ကစီ မစီးချင်ဘူး ၊ ပိုက်ဆံအလကားကုန်တယ် ဟိုတယ်အကွေ့ လေးကိုကျော်ပြီး ကားလမ်းကူးရင် သင်တန်းအဆောက်အဦရောက်ပြီ။ အဲဒါကိုယ်လမ်းကူးတိုင်း ကားဟွန်းတွေတီးပြီး ပေ၂၀ ကွာလောက်ကရပ်ပေးတယ် ။ ယောက်ကျားလေးဆို ဖြတ်တိုက်သွားရော (နောက်တာ) ။ ဒါပေမယ့်  မိန်းကလေးတစ်ယောက်တည်းထွက်ရင...

ဘ၀တစ်ချိုး အလှည့်အပြောင်း

လက်ပ်တော့ က အလင်းရောင်ပြန်ကြောင့်  အနားမှာကွက်ကွက်ကလေးလင်းနေသည် ။ ကိုယ်ဘာကိုကြည့်နေမိလဲမသိ ၊ ဘယ်လောက်ကြာသွားပြီလဲမသိ ။ ခပ်တိုးတိုး ၂၄ နာရီဆက်တိုက်ဖွင့် ထားသော တရားသံက မကြားတချက် ကြားတချက် ၊ ဘယ်ဆရာတော်ဟောလို့  ဘယ်နှစ်ပုဒ်မြောက်နေပြီမှန်းမသိတော့  ၊ ဘုရားစင်မှ လက်ဒ် မီးလုံးကလေးတွေ မှိတ်တုတ် မှိတ်တုတ်အပြင် ဖယောင်းတိုင်မှ မလင်းတလင်း အရောင်တွေကို စိတ်ထဲခံစားရသည် ။ တချက်တချက် လေအေးပေးစက်မှ မတိုးမကျယ်စက်သံက ပျင်းစရာကောင်းလွန်းလာသည် ။ သူ လွတ်မြောက်ချင်ပြီ ။ ကိုယ့်ဘ၀နှင့် ကိုယ် အကျယ်ချုပ်ဖြစ်နေခြင်းကို လွန်မြောက်ချင်ပြီ ။ ဘာကြောင့် မှန်းမသိ တွေတွေကျနေသော မျက်ရည်တွေကို အံ့ သြတကြီးခံစားနေရသည် ။ ကံကောင်းတာက သူ့ မှာအာရုံခံနိုင်စွမ်းတချို့ ကျန်နေသေးတာ။ တခါတရံ သူမမြင်ရသော တစုံတစ်ယောက်ရဲ့ သတိပေး အသံဗလံမှ တပါး သူထိုင်နေခဲ့ တာ ဘယ်လောက်ကြာသွားပြီလဲမသိတော့  ။ သိနေသည်က သူအိပ်ယာကထလာခဲ့ ပြီး လက်ပ်တော့ ရှေ့ မှာ ထိုင်နေခဲ့ တာဘဲဖြစ်သည် ။ တစ်ခုတည်းသော အဖြစ်ချင်ဆုံးက သူလွတ်မြောက်ချင်လှပြီ။

နာကျင်သောစိတ်တို့ဖြင့်ရေးသောစာ

မနက်ဖြန်မနက်အစောကြီးဆိုရင်ကိုယ်နဲ့အတူတူဒီနိုင်ငံမှာအေးအတူပူအမျှ ( တကယ့်ကိုအေးအတူပူအမျှနေခဲ့ကြတာပါ) နေခဲ့တဲ့အမတစ်ယောက် ချစ်သောနိုင်ငံနဲ့သူချစ်တဲ့သူ့မိဘတွေဆီအပြီးပြန်ပြီ။ သူ့အတွက်တော့အင်မတန်မှမှန်ကန်တဲ့ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်သလိုလုပ်ခွင့်ရနိုင်တဲ့သူ့အနေအထားကိုကိုယ်နားလည်ပါတယ် ။ သူ့မှာအများသူငါအပူတပြင်းလိုအပ်နေသလို အသပြာကိုမရမနေမလိုအပ်ခဲ့ဘူးကိုး ။ ကိုယ်ဘယ်လိုဟန်ဆောင်ဟန်ဆောင် ဘယ်လိုဘဲ ဂိမ်းထဲမှာစိတ်ကိုရောက်အောင်လုပ်လုပ်နောက်ဆုံးတော့ ဦးဏှောက်က ခံစားတတ်တဲ့ရင်ဘတ်ကြီးကိုအရှုံးပေးလိုက်ရပါတယ် ကိုယ်တစ်ယောက်တည်းကျန်ခဲ့တယ်ဆိုတဲ့အတ္တဒုက္ခ သူစိမ်းတွေအလယ်မှာ ကိုယ်နဲ့ဘယ်လိုမှအံခွင်ဝင်ကျမရှိတဲ့ ဒီပတ်ဝန်းကျင်အလယ်မှာ ကျမတို့ညီအမတွေလို အခက်အခဲတွေကို တစ်ယောက်ကိုတစ်ယောက်အားပေးပြီး ရင်ဆိုင်ခဲ့ကြတာပါ။ ဘာလေးဘဲဖြစ်ဖြစ် ဖွင့်ဟတိုင်ပင်နားထောင်ပေးခဲ့ကြပြီး ကျမကိုညီမတစ်ယောက်လို အစစအရာရာ နားလည် နားထောင်ပေးခဲ့တယ် ဘယ်အချိန်ဘဲဖြစ်ဖြစ် ညကြီးသန်းခေါင် စိတ်ထဲမှာမဆန့်အောင်ခံစားရတဲဒဏ်ရာတွေတိုင်းကို စိတ်ရှည်လက်ရှည်နားထောင်ပေးခဲ့တယ် သူစိမ်းသူရံ လူမျိုးခြားတွေနဲ့ ခင်မင်တိုင်း ကျမကိုစိတ်မချစွာချစ်ခင်ဆုံးမခဲ့တယ် ကျမငိုရင်လိုက်ငြို...

အိတ်ပိတ်ထားသောစာစု (zephyr)

နှင်းတဖွဲဖွဲ .... တိုးတိတ်နံနက်ခင်းသာယာ.... လှပနူးညံ့သောခြေလှမ်းမှားသာသက်သေ .................. တနေ့တနေ့ ကိုယ်စိုက်ပျိုးသမျှကို ရိတ်သိမ်း မငြိမ်းနိုင်တဲ့အလွမ်းတွေ အလေ့ကျပေါက်လွန်းနေတယ်  (Zephyr) နှလုံးသားကို အစိမ်းရောင်ကြက်ခြေခတ်တစ်ခုနဲ့သာခတ်ပိတ်ထားပါသည် လွမ်းရမှာကိုကြောက်တဲ့ ပန်းလေးတစ်ပွင့် မနက်ဖြန်လှလှကို အရောင်ခြယ်ထားရင်း  သူ့ကိုယ်သူအားတင်းမျှော်ကြည့်နေပြန်တယ် အခါခါရှုံးနိမ့်နေကျ မျက်လုံးတွေနဲ့ ငြင်းဆန်လိုက်တဲ့နောက်မှာ ဗလာထဲမှာရှိနေတဲ့ တစ်ခုခုဟာ ငါပဲပေါ့  သောကဟာ ခရမ်းရောင်နုနုလို ရေမှုန်ရေမွှားလေးတွေနဲ့လက်စင်ဝင်းပနေမလား အိပ်မက်ထဲကချစ်သူ  ငိုရှိုက်သံတစ်စဟာ ဘဝဂ်အထိခါးသွားတယ်  ပြောပါ  လူမမာတစ်ယောက်လို ဖျော့တော့နေတဲ့  ယုံကြည်မှုတစ်ခုကို ဘယ်လိုတပ်ဆင်လို့ရသေးလဲပြောပါ  သစ်ရွက်လေးကြွေကျမှာငေးကြည့်နေတဲ့သူတစ်ယောက်နဲ့  ကြယ်တစင်းကြွေချိန်မှာငေးကြည့်နေတဲ့သူတစ်ယောက် အကြည့်ချင်းမဆုံခဲ့တာ သဘာဝကျကျ ကြွေကျမှုတစ်ခုလို့ဘဲပြောပါ ပျောက်သောသူရှာရင်တွေ့မယ်လို့ပြောပါ ရှာရင်တွေ့မယ်လို့ပြောပါ   သစ်ရွက်လေးသာကြွေကျသွားမယ် ပျောက်သောသူရှာရင်တွေ့မယ်လို့ပြောပါ ကြ...

A Lover's Concerto

Sandy Linzert How gentle is the rain That falls softly on the meadow Birds high up on the trees Serenade the clouds with their melodies How gentle is the rain That falls softly on the meadow Birds high up on the trees Serenade the clouds with their melodies Oh, see there beyond the hill The bright colours of the rainbow Some magic from above Made this day for us just to fall in love You'll hold me in your arms And say once again you love me And if your love is true Everything will be just as wonderful Now I belong to you From this day until forever Just love me tenderly And I'll give to you every part of me Oh, don't ever make me cry Through long lonely nights without love Be always true to me Keep this day in your heart eternally Someday we shall return To this place upon the meadow We'll walk out in the rain Hear the birds above singing once again You'll hold me in your arms And say once again you love me And if your love is true Everything will be j...

The mouse love the rice

Image
When that day I hear your voice I have some special feeling Let me always think I don't wanna forget you I remember at the day You are always on my mind Eventhough I just can think about you If the day in the future This love will becoming true I've never change my mind that I will love you forever I don't care how fool it is I will let my dream come true I will tell you something I wanna let you know, I let you know I love you, loving you, as the mouse love the rice Even every day has storm, I will always by your side I miss you, missing you I don't care how hard it is I just want you be happy Everything, I do it for you post scrap cancel 5/27/08